NewsPolitic

ရသေ့တောင်က စစ်ရှောင်ပြည်သူတွေကို HDCO က အမိုးအကာထောက်ပံ့

အာရက္ခတိုင်းမ်စ် (၂၄ ဇွန် ၂၀၂၅)

ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေတဲ့ စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က အမိုးအကာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) အနေနဲ့ စစ်ရှောင်ပြည်သူတွေကို ဇွန်လ ၂၃ ရက်က စစ်ရှောင်စခန်း ၁ နေရာမှာ ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

“ ကျနော်တို့နေတဲ့ စခန်းမှာဆို အိမ်ထောင်စုပေါင်း ၂၆၅ စု ရှိပါတယ်။ ရှိတဲ့ အိမ်ထောင်စုအားလုံးကို လုံလုံလောက်လောက်ပေးလို့ ဝမ်းသာပါတယ်။ အခုဆို မိုးလည်း တအားများနေတော့ တကယ်ကို အသုံးဝင်ပါတယ်” လို့ ရသေ့တောင်မြို့နယ်က စစ်ရှောင်ပြည်သူ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ အမိုးအကာပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်လာတဲ့ ULA/AA တာဝန်ရှိသူ ၁ ဦး ကလည်း “ စစ်ရေးကာလမှာ မရှိဆင်းရဲတဲ့ကြားက ကြံ့ကြံ့ခံပြီး တောင့်ခံအားပေးကြတာကို ကျေးဇူးတင်တယ်” လို့ ပြောကြားခဲ့တယ်လို့ Golden Era Media မှာ ဖော်ပြထားပါတယ်။

ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်မှာ စစ်ရှောင်စခန်း ၃ ခု ရှိပြီး စစ်ရှောင်အချို့မှာ ဆွေမျိုး၊ မိတ်ဆွေ နဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စုပေါင်းနေထိုင်ကြတယ်လို့လည်း သိရပြီး စစ်ရှောင်ပြည်သူ ၃ သောင်းကျော် ရှိတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – Golden Era Media

Related posts

မြောက်ဦးဖြစ်စဉ်ဟာ စစ်တပ်ကို အမြစ်ဖြတ်မှရမယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေတယ်လို့ BPLA ကွပ်ကဲရေးမှူး ဆို

Rakhita Times

သံတွဲဒေသခံတွေ ပြန်လည်တိမ်းရှောင်နေကြ

Rakhita Times

စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်မှာ စကမက ဒရုန်းဗုံးကြဲမှုတွေ ပိုလုပ်လာနေ

Rakhita Times

Leave a Comment