NewsPolitic

AA က ပလက်ဝမှာ လူကူးတံတား ဆောက်ပေးနေ

အာရက္ခတိုင်းမ်စ် (၂၄ ဇွန် ၂၀၂၅)

အာရက္ခတပ်တော်အနေနဲ့ ပလက်ဝမြို့နယ်မှာရှိတဲ့ ကျေးရွာများ သွားလာရေးလွယ်ကူစေဖို့ လူကူးတံတားတွေ တည်ဆောက်ပေးနေတယ်လို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။

“ဒိုးချောင်းဝရွာမှာ အောက်ရွာ နဲ့ အထက်ရွာ သွားလာရေးခက်ခဲတယ်လေ။ အဲဒါကြောင်း လူကူးတံတားတွေ ဆောက်ပေးတာ။ တံတားအသေး ၄ စီးပေါ့။ ဒီလ ၁၉ ရက်က ပြီးသွားပြီ” လို့ ပလက်ဝမြို့ ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ လူကူးတံတား ၄ စီး ကို ပလက်ဝမြို့နယ် ဒိုးချောင်းဝတိုက်နယ် ဒိုးချောင်းဝရွာမှာ ဆောက်လုပ်ပေးခဲ့တဲ့တာပဲ ဖြစ်ပါတယ်။

“ပလက်ဝဆိုတာက ရေလမ်းကိုပဲ အဓိကအားထားနေရတာလေ။ ၁ ရွာ နဲ့ ၁ ရွာ ကြားမှာလည်း ချောင်းငယ်တွေက ရှိနေတော့ ကလေးတွေ ၁ ရွာ နဲ့ ၁ ရွာ သွားဖို့ အရမ်းခက်တယ်။ အခုလို လုပ်ပေးတော့ သွားလာရတာ လွယ်ကူသွားတာပေါ့” လို့ ပလက်ဝမြို့နယ် ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ပလက်ဝမြို့နယ်မှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ ကျေးရွာတွေမှာလည်း လူကူးတံတားတွေ ဆက်လက်တည်ဆောက်ဖို့ အာရက္ခတပ်တော်အနေနဲ့ စီစဉ်နေတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်တွင် ငွေထုတ်ခ ဆက်လက် မြင့်တက်နေ

Rakhita Times

AA က ရက္ခိုင်ပြည် ပြင်ပ မြို့နယ် ၄ ခုတွင် ထိုးစစ်ဆင်နေ

Rakhita Times

မောင်တော နဲ့ ဘော်တူလာရွာကြားရှိ တံတားငယ် ၁၀ စင်းကျော်ကို ပြန်လည်ပြုပြင်နေ

Rakhita Times

183 comments

Leave a Comment