BusinessNewsPolitic

သူပုန်ဖြူကဗျာစာအုပ် ‌ဒေါ်လာ တသောင်း နဲ့ လေလံ စံချိန်တင်

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၅)

အာရက္ခတပ်တော်ရဲ့ ဒုတိယစစ်ဦးစီချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားတဲ့ သူပုန်ဖြူ ကဗျာစာအုပ်ဟာ ဒေါ်လာ တသောင်းနဲ့ လေလံ စံချိန်တင်နေတယ်လို့ သိရပါတယ်။

“Mr.ET က ဇူလိုင်လ ၂၀ ရက်တွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နဲ့ ဝယ်ယူလိုက်တဲ့အတွက် “ သူပုန်ဖြူ စာအုပ်လေလံပြိုင်ပွဲ” ရဲ့ အမြင့်ဆုံးစျေး ရောက်ရှိလာပါတယ်” လို့ Thabonephru Poems Collection စာမျက်နှာကတဆင့် ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်တွင် “ ကဗျာစာအုပ် အမှတ်စဉ် (၀၀၆၆၆) ပိုင်ရှင် Mr.ET က သူ့ရဲ့ မွေးနေ့အဖြစ်  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၁ရက်တွင် ယခင်ဝယ်ယူထားတဲ့ စျေးထက်ပိုမြင့်တဲ့ ဈီးဖြစ်တဲ့ အမေရိကန်ဒေါ်လာ တသောင်းအထိ တိုးမြှင့်ဝယ်ယူခဲ့တယ်” လို့ ဖော်ပြထားပါတယ်။

ကဗျာစာအုပ် အမှတ်စဉ် (၀၀၆၆၆) ပိုင်ရှင် Mr.ET  ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်က သူပုန်ဖြူကဗျာစာအုပ်ကို လေလံစျေး အမေရိကန်ဒေါ်လာ ၅၀၀၀ နဲ့ ဝယ်ယူထားတာလည်း ဖြစ်ပါတယ်။

သူပုန်ဖြူကဗျာစာအုပ် အရေအတွက်ကို  ဒီနေ့အထိ ၁၄၀၀၀ အထိ  ထုတ်ဝေ ဖြန့်ချီထားပြီးတော့ ကဗျာစာအုပ်ကို နောက်ထပ် အုပ်ရေ ၁၀၀၀ ထပ်မံ ထုတ်ဝေ ဖြန့်ချီသွားမယ်လို့လည်း သိရပါတယ်။

Related posts

မောင်တောတွင် ဒိုင်းနက် ရိုးရာ ပန်းမျှောပွဲ ကျင်းပ

Rakhita Times

တိုင်းပြည်တည်ဆောက်နေတဲ့ အဝေးရောက် သဲပွင့်များ

Rakhita Times

မင်းပြားက ရေမြုပ်လယ်သမားတွေကို AA မျိုးစပါး ထောက်ပံ့

Rakhita Times

4 comments

Leave a Comment