NewsPolitic

မုဒိန်းမှု ကျူးလွန်သူကို အမြန်ဆုံး တရားစီရင်ပေးရန် ဗိုလ်ချုပ်ကတော် တောင်းဆို

အာရက္ခတိုင်းမ်စ် (၂ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည်အတွင်းက မြို့နယ်များတွင် ဖြစ်ပွားနေတဲ့ အဓမ္မပြုကျင့်မှု ကျူးလွန်သူများကို အမြန်ဆုံး တရားစီရင်ပေးရန် အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်နှင်းဇာဖြူက တောင်းဆိုလိုက်ပါတယ်။

ဒေါ်နှင်းဇာဖြူက ဇူလိုင်လ ၃၁ ရက်နေ့တွင် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားတောင်းဆိုထားတာဖြစ်ပြီး သက်ငယ်မုဒိမ်းမှုအရေးယူရေး၊ နှောင့်နှေးနေမှုအပေါ် အမြန်ဆုံးစီရင်ပေးရန် တောင်းဆိုထားပါတယ်။

“ ခဏနေ ဒီလပ် က၊ တရားရုံးက ဘောလီဘောပုတ်ပြီး ကြားနာနေရင်း ဝမ်းနဲ့ဖြစ်သွားတယ်။ ကလေးရာ မွေးပြီးသွားတယ်။ တရားခံကို အရေးမယူနိုင်ကြသေးဘူး။ တရားစီရင်ရေးမှာ လိုအပ်ချက်ရှိတာ၊ ဥပဒေတွေ ခေတ်မမီတာကို နားလည်လို့ရပါတယ်။ ဒါပေမယ့် ဘယ်လိုအမှုက ဘယ်လို ချက်ချင်းအရေးယူရင် ရတယ်လေ။ လုပ်လို့ရတယ်လေ။ ဥပဒေတွေကို ဘာမှမသိတဲ့လူတွေလည်း နားလည်နိုင်ပါတယ်” လို့ ရေးသားထားပါတယ်။

တရားလို တရားခံများအား ရုံးချိန်ရက်များ အရေးတကြီးလုပ် ရယူနေခြင်းဟာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးများ၊ ကလေးငယ်များအတွက် စိတ်ဒဏ်ရာနဲ့ အကြောက်တရား၊ အရှက်တရားများကို မစဉ်းစားကြဘူးလားလို့ ဒေါ်နှင်းဇာဖြူက ဆိုပါတယ်။

“ သက်ငယ်မုဒိမ်းမှုအရေးယူရေး၊ နှောင့်နှေးနေတဲ့ မုဒိမ်းမှုစီရင်ရေးတွေ အမြန်ဆုံးစီရင်ပေး” လို့လည်း ရေးသား တောင်းဆိုထားပါတယ်။

အမျိုးသမီးအသိုင်းအဝိုင်းများအနေဖြင့်လည်း အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ်များနဲ့ ပတ်သက်ပြီး တရားစီရင်ရေးကို အင်တိုက်အားတိုက် တွန်းအားပေးရန် လိုအပ်သလို လူမှုကွန်ရက်တွင်လည်း များများ မျှဝေပေးကြရန် ဒေါ်နှင်းဇာဖြူက တိုက်တွန်းထားပါတယ်။

Related posts

ကျောက်တော်က ကိုယ်ပိုင်ကျောင်းကို စကမ ဗုံးကြဲလို့ ကျောင်းသား/သူ ၁၈ ဦး သေဆုံး၊ ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

Rakhita Times

အပစ်ရပ်စဲပြီး ရက္ခိုင်ကို စစ်ကောင်စီက ၄၀၉ ကြိမ် တိုက်ခိုက်

Rakhita Times

ရက္ခိုင်တွင် စပါးတစ်ဧက ရိတ်သိမ်းခ ကျပ် ၂ သိန်းရှိနေ

Rakhita Times

Leave a Comment