EnvironmentNewsPolitic

ရက္ခိုင်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် မိုးဇလ သတိပေး

အာရက္ခတိုင်းမ်စ် (၁၄ ဇွန် ၂၀၂၅)

ရက္ခိုင်ပြည်တွင် ဒီကနေ့ (ဇွန် ၁၄) ကနေပြီးတော့ ဇွန်လ ၁၉ ရက် အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသဌာနနေပြီးတော့ ယနေ့ ညနေ ၆ နာရီတွင် ထုတ်ပြန်ခဲ့ပါတယ်။

“မိုးသည်းထန်စွာရွာခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလျှပ်ခြင်း၊ မိုးသီးကြွေခြင်း၊ ရေကြီးခြင်း နဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေး အန္တရာယ် ဖြစ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသတွေမှာ နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ မြေပြိုမှု အန္တရာယ်၊ ချောင်းအနီးပတ်ဝန်းကျင်တွင် နေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှု အခြေအနေကို ကြိုတင် ကာကွယ်ကြပါ” လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

ထို့အပြင် ဇွန်လ ၁၉ ရက် အထိ ရက္ခိုင်ပြည် နေရာ အနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး တချို့နေရာများတွင် နေရာကွက်ကြား မိုးကြီးမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရက္ခိုင်ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပြင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ အလားတူ မိုးသ်လေပြင်းကျရောက်ချိန်တွင် ရေပြင် နဲ့ မြေပြင်တွင် တနာရီကို မိုင် ၃၀ ကနေ မိုင် ၃၅ မိုင် အထိ တိုက်ခတ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ထို့အပြင် ရက္ခိုင်ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပြင်လယ်ပြင်မှာ လှိုင်းအမြင့် ၆ ပေ ကနေ ၈ ပေ အထိ မြင့်တက်လာနိုင်ပြီး လက်ရှိအချိန်ထိ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအလွန်ကောင်းနေတယ်လို့လည်း သိရပါတယ်။

Related posts

ဘင်္ဂလား ငါးခိုးဖမ်းသမား ၁၄ ဦးကို AA ပြန်လွှတ်ပေး

Rakhita Times

မောင်တောတွင် ၂ နှစ်ကျော် ကာလအတွင်း အကြမ်းဖက်အဖွဲ့အစည်းများက ဒေသခံ ၁၆၂ ဦး သတ်ဖြတ်၊ ၂၂ ဒဏ်ရာရ

Rakhita Times

ကျောက်တော်က ငှက်ဖျားဖြစ်နေတဲ့ ရွာ ၂ ရွာကို AA မြေပြင်ဆင်း စစ်‌ဆေးပေးနေ

Rakhita Times

7,115 comments

Leave a Comment