NewsPolitic

ကျောက်ဖြူက ကျေးရွာအချို့ကို စစ်ကော်မရှင် မီးရှို့ဖျက်စီး

အာရက္ခတိုင်းမ်စ် (၁၅ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်က ကျေးရွာအချို့ကို စစ်ကော်မရှင်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ကုလဘာကိုဆိုရင် ဒရုန်းနဲ့ ဗုံးကြဲပြီး ဖျက်စီးတယ်။ လိပ်ခမော်ရွာကျတော့ စစ်သားတွေကိုယ်တိုင် မီးတိုက် (ရှို့) သွားတယ်။ ရှုံးမဲ မဲပြီး ဖျက်စီးသွာတာ” လို့ ကျောက်ဖြူမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ကျောက်ဖြူမြို့နယ်က အမှတ် ၃၂ ရဲတပ်ရင်းနဲ့ ဓညဝတီရေတပ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေပြီး စစ်ကော်မရှင်အနေနဲ့ မကျဆုံးစေရေးအတွက် အသည်းအသန် ခုခံနေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်အနေနဲ့ ကျောက်ဖြူမြို့နယ်က ကြက်တိန်၊ စည်​မော်၊ စစ်​တော နဲ့ ဦးကင်းရွာကို မီးရှို့ဖျက်စီးခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

“ ကြက်တိန်၊ စည်မော်၊ စစ်တော နဲ့ ဦးကင်းက မိသားစုဦးရေ ၂၃၃ စုကို ဝေဟင်အောင်ပရဟိတက လာရောက်လှူဒါန်းပေးခဲ့လို့ လတ်တလော စားဝတ်နေရေး အဆင်ပြေနေတယ်” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ်က အမှတ် ၃၂ ရဲတပ်ရင်းကိုသာ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ရင် စစ်ကော်မရှင်တပ်သားတွေအနေနဲ့ ကျောက်ဖြူမြို့ထဲကသာ ခုခံရတော့မယ့် အခြေအနေလည်း ဖြစ်နေတယ်လို့ ကျောက်ဖြူဒေသခံတွေထံက သိရပါတယ်။

ဓာတ်ပုံ – ကြက်တိန်၊ စည်​မော်၊ စစ်​တော နဲ့ ဦးကင်းရွာက တိမ်းရှောင်လာသော ပြည်သူများ

Related posts

ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို ပြည်ပရောက်မြန်မာတွေ စိတ်ဝင်စားမှုမရှိ

Rakhita Times

ပုသိမ်တွင် အန္တရာယ်ကင်း ပဌာန်းရွတ်ရန် စာထုတ်တိုက်တွန်း

Rakhita Times

သာပေါင်းတိုက်ပွဲကြောင့် စစ်ဆေးခံနေရတဲ့ စကမ အရာရှိတွေဟာ တပ်ရင်းမှူးနဲ့ စစ်ဗျူဟာမှူး ဖြစ်နေ

Rakhita Times

2 comments

Leave a Comment