BusinessNewsPolitic

AA အနေနဲ့ ချဲဒိုင်များကို အရေးယူပေးရန် သံတွဲမြို့ပြည်သူတွေ လိုလားနေ

အာရက္ခတိုင်းမ်စ် (၁၈ ဩဂုတ် ၂၀၂၅)

အာရက္ခတော်လှန်ပြည်သူ့အစိုးရအနေနဲ့ ချဲရောင်းချနေသူမျာ၊ ချဲဒိုင်များကို အရေးယူပေးရန် သံတွဲမြို့ပြည်သူတွေက လိုလားနေကြကြောင်း သိရပါတယ်။

“ အခုက ၂ လုံးလည်း ရောင်းတယ်။ ၃ လုံးလည်း ရောင်းတယ်။ ရောင်းတော့ ထိုးကြတယ်။ ထိုးဖို့ ပိုက်ဆံမရှိရင် ပေါင်နှံရောင်းချပြီး ထိုးကြတယ်။ ချဲရဲ့သဘောကိုက နောက်ဆုံး ဒိုင်ပဲ ချမ်းသာတာလေ။ ထိုးသားတွေကို မွဲလာတော့ ကြာလာရင် သူခိုး သူဝှက်တွေ များလာမှာ စိုးရိမ်တယ်” လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ လောင်းကစားပြုလုပ်ခွင့် တားမြစ်ထားပေမယ့် ချဲထီကိုတော့ ရောင်းချတာတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

“အခုဆိုရင် တပ်တော်က ဘယ်လောင်းကစား လုပ်တာကိုမှ ခွင့်မပြုဘူး။ တရားဝင် ပြောထားတော့ မလုပ်ရဲကြဘူး။ ချဲထီကျတော့ အောက်ခြေနဲ့ ပေါင်းပြီး ရောင်းတယ်။ ဒါကို စီစစ်ပြီး အရေးယူစေချင်ပါတယ်။ ဒီကအခြေအနေက အလုပ်အကိုင်က ရှိကြတာမဟုတ်ဘူး။ နစ်သထပ် နစ်လာမှာ” လို့လည်း သူက ထပ်မံ ဆိုပါတယ်။

“ လုံခြုံရေးအရ စိုးရိမ်နေကြချိန်၊ မိဘပြည်သူတို့ရဲ့ စားဝတ်နေရေး အလွန်ခက်ခဲနေချိန် အချို့ ဝိသမလောဘသားများရဲ့ ဆင်ခြင်တုံတရား မထားဘဲ စီးပွားဖြစ်လောင်းကြေးထပ်ကာ ဖဲကစားခြင်း၊ ဒိုးဆပ်ကစားခြင်း အပါအဝင် အခြားနည်းလမ်းများနဲ့ လောင်းကစားပြုလုပ်နေကြခြင်းကို လေ့လာတွေ့ရှိရတယ်” လို့ အာရက္ခတော်လှန်ပြည်သူ့အစိုးရက ဆိုထားပါတယ်။

အဆိုပါ လောင်းကစားပြုလုပ်ခြင်းကို မြို့နယ်အချို့တွင် တာဝန်ရှိသူများက ဆော်ဩခြင်း၊ သတိပေးခြင်းများကို ပြုလုပ်ထားပြီး လိုက်နာမှုမရှိသူများကို တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Related posts

ကလေးမြို့ နဲ့ ချင်းပြည်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းရတဲ့ ဆင်းကဒ်ကို ကျပ် ၅၀၀၀၀ ပေးဝယ်နေရ

Rakhita Times

ARSA အဖွဲ့ဝင်တွေကို AA လိုက်လံချေမှုန်းနေ

Rakhita Times

AA တပ်ဖွဲ့ဝင်တွေရဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့ ခုခံစစ် တန်ပြန်ထိုးစစ်အောက်မှာ စကမတပ်တွေ အကျအဆုံးများနေ

Rakhita Times

Leave a Comment