NewsPolitic

လူမျိုးနဲ့ ဘာသာကို အခြေမခံပဲ ကျောင်းသားလူငယ်ကိုသာ အခြေခံတဲ့သမဂ္ဂဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဆို

အာရက္ခတိုင်းမ်စ်(၂၃ စက်တင်ဘာ၂၀၂၅)

လူမျိုးနဲ့ ဘာသာကို အခြေမခံပဲ ကျောင်းသားလူငယ်ကိုသာ အခြေခံတဲ့ သမဂ္ဂဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးသျှောင်ကော်မတီဝင် စောမျိုးမြတ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက မောင်တောမြို့တနေရာတွင် စက်တင်ဘာလ ၁၅ ရက်က မြို၊ သက်၊ မူဆလင် နဲ့ ဟိန္ဒူ ကျောင်းသားလူငငယ်များ ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

“ ကျနော်တို့က လူမျိုးနဲ့ ဘာသာကို အခြေမခံပဲ ကျောင်းသားလူငယ်ကို အခြေခံ သမဂ္ဂ ဖြစ်တာနဲ့ အညီ ကျနော်တို့ တယောက်နဲ့တယောက် ဘယ်သူမဆို ခွဲခြားဆက်ဆံမှုကင်းကင်းနဲ့ မြို့နယ်ရဲ့ လိုအပ်ချက်တွေကို တတ်နိုင်တဲ့နေရာကနေ ဆောင်ရွက်ကြဖို့အကြောင်း၊ ဆက်လက်ပြီးတော့လည်း မောင်တောမြို့နယ်မှာရှိတဲ့ လူမျိုးစုတွေနဲ့အတူ မြို့နယ်ရဲ့ လိုအပ်ချက်ကို တတ်နိုင်တဲ့နေရာကနေ ကျောင်းသားလူငယ်တွေ ပါဝင်ကြဖို့ ဆွေးနွေးခဲ့တယ်” လို့ စောမျိုးမြတ်က ဆိုပါတယ်။

အထက်ပါ ဆွေးနွေးပွဲကို မောင်တောမြို့နယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂ ကော်မတီက ကျောင်းသားလူငယ်တွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

“ အခုလည်း သင့်သင့်မြတ်မြတ်နဲ့ ကျနော်တို့ လုပ်ဆောင်နေခြင်းဖြစ်တယ်။ ထိရောက်မှု အတိုင်းအတာဆိုတာထက် ပူးပေါင်းပါဝင်လို့ အလုပ်နဲ့ ထိရောက်မှုရှိအောင် ပိုလို့ လုပ်ဆောင်ဖို့ လိုပါတယ်” လို့ စောမျိုးမြတ်က သင့်မြတ်စွာ ယှဉ်တွဲနေထိုင်ရေးအပေါ် အာရက္ခတိုင်းမ်စ်ကို အခုလို ပြောပါတယ်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့ ကျောင်းသားလူငယ်တွေ့ဆုံပွဲတွေအပြင် လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေကိုလည်း ပို့ချပေးနေတယ်လို့ သိရပါတယ်။

Related posts

တပ်မှူးချုပ် ထွန်းမြတ်နိုင်၏ ၄၆ နှစ်ပြည့် မွေးနေ့အပေါ် အာရက္ခပြည်သူတို့ရဲ့ ဆုတောင်းသံများ

Rakhita Times

ကျောက်တော် ဗုံးကြဲမှု ဖြစ်စဉ်ကို ဘယ်လို တုန့်ပြန်သင့်သလဲ

Rakhita Times

အမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေအောက်ခန်းဝင်ပြီး ခုခံနေ

Rakhita Times

Leave a Comment