HealthNewsPolitic

လသားအရွယ်ကလေးများကို AA ကာကွယ်ဆေး ထိုးပေးနေ

အာရက္ခတိုင်းမ်စ် (၄ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနကဦးစီးပြီးတော့ လသားအရွယ်ကနေ ၂ နှစ် ၅ လ သားအထိ ကာကွယ်ဆေး ထိုးပေးနေတယ်လို့ သိရပါတယ်။

“ ထိုးပေးတဲ့ ဆေးတွေကတော့ ဂျပန်ဦးဏှောက်ရောင်ကာကွယ်ဆေး (Japanese encephalitis vaccine)၊ ဝက်သက် ပါးချိတ်ရောင် ဂျိုက်သိုးကာကွယ်ဆေး (Mump-Measles-Rubella (MMR) Vaccine)၊ ဆုံဆို့ ကြက်ညှာချောင်းဆိုး မေးခိုင်ကာကွယ်ဆေး (Diphtheria, Tetanus, and Pertussis (DTaP) Vaccine) နဲ့ ပိုလီယိုအကြောသေကာကွယ်ဆေး (oral polio vaccine) စတာတွေကို ကာကွယ်ပေးတဲ့ ဆေးတွေထိုးပေးတာပါ” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အထက်ပါ ဆေးများကို မွေးကင်းစမှစတင်ကာ ၁၈ လအတွင်း ထိုးပေးရပြီး လက်ရှိတွင် မထိုးရသေးတဲ့ ကလေးသူငယ်တွေကိုလည်း ထိုးပေးနေတယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ရက္ခိုင်ပြည် မြို့ရွာအနှံ့က ကလေးသူငယ်တွေကို ကာကွယ်ဆေးထိုးပေးနေပြီး စစ်ဘေးရှောင်စခန်းများက ကလေးသူငယ်တွေကိုလည်း ထိုးနှံပေးနေတယ်လို့ သိရပါတယ်။

Photo – APM

Related posts

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့ အထိမ်းအမှတ် မွတ်ဆလင် ၈၀ ကျော် လွတ်ငြိမ်းခွင့်ပေး

Rakhita Times

■ အေအိုင်နဲ့ အနာဂတ်ပညာရေး

Rakhita Times

ပုသိမ်တွင် လုံခြုံရေးစီမံချက် အမြန်ပြင်ဆင်နေ

Rakhita Times

1 comment

wi88bet ဒီဇင်ဘာ 9, 2025 at 5:17 မနက်

wi88bet caught my eye the other day. The layout is pretty smooth, and they seem to have a good selection. Anyone had any luck on wi88bet? Share your wins (or losses, we’ve all been there)! wi88bet

Reply

Leave a Comment