အာရက္ခတိုင်းမ်စ် (၄ နိုဝင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနကဦးစီးပြီးတော့ လသားအရွယ်ကနေ ၂ နှစ် ၅ လ သားအထိ ကာကွယ်ဆေး ထိုးပေးနေတယ်လို့ သိရပါတယ်။
“ထိုးပေးတဲ့ ဆေးတွေကတော့ ဂျပန်ဦးဏှောက်ရောင်ကာကွယ်ဆေး (Japanese encephalitis vaccine)၊ ဝက်သက် ပါးချိတ်ရောင် ဂျိုက်သိုးကာကွယ်ဆေး (Mump-Measles-Rubella (MMR) Vaccine)၊ ဆုံဆို့ ကြက်ညှာချောင်းဆိုး မေးခိုင်ကာကွယ်ဆေး (Diphtheria, Tetanus, and Pertussis (DTaP) Vaccine) နဲ့ ပိုလီယိုအကြောသေကာကွယ်ဆေး (oral polio vaccine) စတာတွေကို ကာကွယ်ပေးတဲ့ ဆေးတွေထိုးပေးတာပါ” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အထက်ပါ ဆေးများကို မွေးကင်းစမှစတင်ကာ ၁၈ လအတွင်း ထိုးပေးရပြီး လက်ရှိတွင် မထိုးရသေးတဲ့ ကလေးသူငယ်တွေကိုလည်း ထိုးပေးနေတယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ရက္ခိုင်ပြည် မြို့ရွာအနှံ့က ကလေးသူငယ်တွေကို ကာကွယ်ဆေးထိုးပေးနေပြီး စစ်ဘေးရှောင်စခန်းများက ကလေးသူငယ်တွေကိုလည်း ထိုးနှံပေးနေတယ်လို့ သိရပါတယ်။
Photo – APM

3 comments
Came across this and immediately thought of a friend who would enjoy it, and a stop at clarvesta also reminded me of someone, content that triggers the urge to share is content that has earned my recommendation and this site has earned multiple from me already across different conversations during the week.
Quietly impressive in a way that does not announce itself, and a stop at gpugearhouse extended that quiet impressiveness, the kind of quality that emerges through sustained attention rather than first impressions is the kind I trust more deeply and this site has been earning that deeper trust across multiple sessions over time consistently.
A clean piece that knew exactly what it wanted to say and said it, and a look at wifiwizard maintained the same clarity of intention, knowing the goal of a piece before writing is something most blog content lacks and the clarity of purpose here shows up in every paragraph for any careful reader to notice.