အာရက္ခတိုင်းမ်စ် (၆ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်အတွင်းရှိ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာ စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကို ယမန်နေ့ (ဒီဇင်ဘာ ၅ ရက်) မှာ ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း (၁) နဲ့ အပိုင်း (၂) မှာ ရက္ခိုင်ပြည်ရှိ ရပ်ကွက် ၆ ရပ်ကွက် နဲ့ ကျေးရွာ အုပ်စု ၆၅ အုပ်စု မှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာ အမည်စာရင်းကိုတော့ UEC က ဖော်ပြထားခြင်း မရှိသေးပါဘူး။
ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကို ယခုလ ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အပိုင်း (၂) ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၁) ပြုလုပ်မယ့် မြို့နယ်စာရင်းတွင်မူ ရက္ခိုင်ပြည်အတွင်းရှိ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေ ပါဝင်ပြီး ရွေးကောက်ပွဲ အပိုင်း (၂) မှာတော့ ရက္ခိုင်ပြည် ပါဝင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန် ကြေညာထားပါတယ်။

3 comments