NewsPolitic

စကမ ဟာ အထိအခိုက်များနေရင် ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တယ်လို့ ဦးခိုင်သုခ ဆို

အာရက္ခတိုင်းမ်စ် (၁၁ ဒီဇင်ဘာ ၂၀၂၅)

စစ်ကော်မရှင်ဟာ စစ်မြေပြင်မှာ အကျအဆုံးများလာပြီး ရှုံးနိမ့်မှုတွေများလာရင် အရပ်သားပြည်သူတွေကို ပတ်မှတ်ထားပြီးတော့ တိုက်ခိုက်သတ်ဖြတ်တယ်လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုပါတယ်။

“ စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ အကျအဆုံးတွေများလာရင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာကတော့ သူတို့ရဲ့ လုပ်နည်းလုပ်ဟန် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီတကြိမ် မဟုတ်ပါဘူး။ သူတို့ အရင်တုန်းကလည်းပဲ ဒီလိုမျိုး ဆေးရုံ ဆေးခန်းတွေ စာသင်ကျောင်းတွေ သာသနိက အဆောက်အအုံတွေကို အဓိက ဦးတည် ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်ခဲ့တာတွေ ရှိပါတယ်။ အခုလည်းပဲ သူတို့ တခြားစစ်မျက်နှာတွေဖြစ်တဲ့ မကွေး၊ ပဲခူး ပြီးလို့ရှိရင် ဧရာဝတီ နောက် ကျောက်ဖြူစစ်မျက်နှာတွေမှာ အကြမ်းဖက်ဖက်စစ်စစ်ကော်စီတွေဟာ အထိအခိုက် အကျအဆုံးတွေ များနေတဲ့အတွက်ကြောင့်မို့လို့ သူတို့က ဒီရက္ခိုင်အရပ်သားပြည်သူတွေကို ဒီလိုမျိုး ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်သတ်ဖြတ်တာ ဖြစ်တယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဒီဇင်ဘာလ ၁၀ ရက် ည ၉ နာရီ ၁၃ မိနစ်ခန့်မှာ ရက္ခိုင်ပြည် မြောက်ဦးဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပေါင်း ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ အရပ်သားပြည်သူ ၃၄ ဦး သေဆုံးခဲ့ပြီး ၇၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဦးခိုင်သုခ က “ အကြမ်းဖက် ဖက်စစ် စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ရှင်းရှင်းလင်းလင်း မြင်ရတဲ့ ဖြစ်စဉ်တခု ဖြစ်ပါတယ်။ သူတို့ရဲ့ စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေကို အရပ်သားပြည်သူတွေကို ဒီလိုမျိုး တိုက်ခိုက်သတ်ဖြတ်ပြီးတော့မှ ဒီအကြမ်းဖက်မှုတွေကို ကျူးလွန်ပြီးတော့မှ ဒါ လက်စားချေတယ်ဆိုတာကတော့ ဒါ အတော်လေး ယုတ်မာအောက်တန်းကျတဲ့ စစ်သားမဆန်တဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအပေါ် စစ်ကော်မရှင်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရမှာဖြစ်ပြီး ULA/AA အနေနဲ့ လိုအပ်သလို လက်တုန့်ပြန် ဆောင်ရွက်သွာမှာ ဖြစ်တယ်လို့လည်း ဦးခိုင်သုခက ဆိုပါတယ်။

Related posts

အမ်းတွင် စကမရဲ့ မိုင်းပေါက်ကွဲလို့ လူငယ်တဦး ဒဏ်ရာရ 

Rakhita Times

AA ဖမ်းဆီးထားတဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို လွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေ တောင်းဆို

Rakhita Times

လေးမျက်နှာက ဘုန်းကြီးကျောင်း စကမ ဗုံးကြဲလို့ သံတွဲစစ်ဘေးရှောင်တဦး သေဆုံး

Rakhita Times

1 comment

Leave a Comment