NewsPolitic

ဂွမြို့ကို စကမ လေကြောင်း ရေကြောင်းကနေ ပစ်ခတ်နေ

အာရက္ခတိုင်းမ်စ်(၁၁ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ဂွမြို့နယ်ကို စစ်ကော်မရှင်က လေကြောင်း နဲ့ ရေကြောင်းကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ကနဦး သိရပါတယ်။

“ မနက် ၉ နာရီခွဲလောက်ကတည်းက ပင်လယ်ထဲက နေဗီကနေပြီးတော့ အချက် ၃၀ ထပ်မနည်း ပစ်ခတ်နေတာ။ ဘယ်နေရာတွေကို ကျလဲတော့ မသိသေးဘူး” လို့ ဂွမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ဒီဇင်ဘာလ ၁၁ ရက် တနေ့မှာ စစ်ကော်မရှင်က လေကြောင်းကနေလည်း ဂွမြို့နယ်ကို လာရောက်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ နေ့လည် မွန်းတည့် ၁၂ နာရီမတီးခင်လေးမှာ ဂျက်ဖိုက်တာ တစီးနဲ့ လာကြဲသေးတယ်။ တနေရာနဲ့ တနေရာ ဆက်သွယ်ရခက်တော့ ဘယ်ကို ကျတယ်ဆ်ိုတာ မသိသေးဘူး” လို့ သူက ထပ်မံပြောပါတယ်။

စစ်ကော်မရှင်ဟာ ဒီဇင်ဘာလ ၁၀ ရက် ည ၉ နာရီ ၁၃ မိနစ်ခန့်မှာ ရက္ခိုင်ပြည် မြောက်ဦးဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပေါင်း ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ အရပ်သားပြည်သူ ၃၄ ဦး သေဆုံးခဲ့ပြီး ၇၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ ဗုံးကြဲသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဗုံးကြဲတိုက်ခိုက်မှုအပေါ် စစ်ကော်မရှင်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရမှာဖြစ်ပြီး ULA/AA အနေနဲ့ လိုအပ်သလို လက်တုန့်ပြန် ဆောင်ရွက်သွာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Related posts

မီးရထားစက်ခေါင်းပြင်အင်ဂျင်နီယာမှသည် လူနာစောင့်ဘဝဆီ

Rakhita Times

ဗျူဟာ-၂၉ ခွဲမှူး ကျဆုံးခဲ့ခြင်းအတွက် MPCC ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

AA က ရက္ခိုင်လွတ်မြောက်နယ်မြေတွင် ယာဉ်အန္တရာယ်ကင်းစင်ရေး ပြုလုပ်

Rakhita Times

8 comments

Leave a Comment