အာရက္ခတိုင်းမ်စ်(၁၃ ဒီဇင်ဘာ ၂၀၂၅)
စစ်ကော်မရှင်ရဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ကန့်ကွက်ကြောင်း ဒီကနေ့ (ဒီဇင်ဘာ ၁၃ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံကို ဒီဇင်ဘာ ၁၀ ရက်မှာ စကော်မရှင်က တိုက်လေယာဉ်နဲ့ ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သုံးလသား အရွယ် ကလေးငယ်တဦး အပါအဝင်၃၃ ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၁ ရက်မှာလည်း ကျောက်ဖြူမြိ့်နယ်ရှိ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို စကော်မရှင်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၈ ဦး ထက်မနည်း သေဆုံးခဲ့ရသလို မနေ့က ဒီဇင်ဘာလ ၁၂ ရက်၊ ညပိုင်းမှာလည်း မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောနဲ့ စစ်တွေမြို့နယ်တို့က လူနေကျေးရွာများကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးအား ဗုံးကြဲတိုက်ခိုက်မှုကိုလည်း အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များ စခန်းချရာ နေရာဖြစ်သောကြောင့် ဗုံးကြဲတိုက်ခိုက်ရသည်ဟု လိမ်လည်ဝါဒဖြန့် သတင်းထုတ်ပြန်ကာ ဆင်သေကို ဆိတ်ရေနှင့် ဖုံးရန် ကြိုးစားနေပြန်သည်။ ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့် အကြမ်းဖက်ဖက်ဆစ်စစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လိမ်လည်ဝါဒဖြန့်မှုအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်” လို့ PLA က ဆိုပါတယ်။
ပြည်သူများအပေါ် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံပြည်သူများနဲ့ ကျန်းမာရေးဝန်ထမ်းများရဲ့ မိသားစုများနဲ့ထပ်တူ အထူးဝမ်းနည်းကြေကွဲရပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ထားပါတယ်။

2 comments
Fun88605? Hope they live up to their name! Gotta have some good times while betting y’know? Or else, what’s the point? fun88605
дизайн проект дома дизайн коттеджа