NewsPolitic

ရက္ခိုင်ကိုပို့မယ် စိတ်ကြွဆေးပြား ၁၄ သန်းကျော် ဖမ်းမိလို့ စကမ ဆို

အာရက္ခတိုင်းမ်စ် (၂ ဇန်နဝါရီ ၂၀၂‌၆)

ရက္ခိုင်ပြည်ကို ပို့ဆောင်မယ့် ငွေကျပ် ၃၇ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကျော်ကို ဖမ်းမိခဲ့ကြောင်း စစ်ကော်မရှင် က ဒီကနေ့ (ဇန်နဝါရီ ၂ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ စိတ်ကြွ‌ဆေးတွေကို စစ်ကိုင်းမြို့ကနေ မကွေးတိုင်း၊ မင်းတုန်းမြို့ကို သယ်ဆောင်ပြီး ရက္ခိုင်ပြည်သို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်၊ ညနေ ၅ နာရီမှာ မကွေးတိုင်း၊ မင်းဘူးမြို့ ကန်ရေကျေးရွာအနီးတွင် အောင်ဇင်ဝင်း (ခ) ဖိုးခွား မောင်းနှင်ပြီး မောင်မောင်သန့်လိုက်ပါတဲ့ CANTER ခြောက်ဘီးယာဉ်ကို စကမရဲ့အဖွဲ့တွေက စစ်ဆေးရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈၆၂ သန်း (ဒေသတန်ဖိုးငွေကျပ် ၃၇ ဒသမ ၄၆၅၅ ဘီလီယံ) ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက် စစ်ဆေးချက်အရ ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးမြို့ မှ မင်းတုန်းမြို့ကို တာဝန်ခံသယ်ဆောင်တဲ့ နေမျိုးအောင် နဲ့ ဇနီး မညိုညိုသက်တို့ကို မကွေးမြိုရှိ မကွေးဟိုတယ် တွင် SUPER CUSTOM ယာဉ်တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိနေအိမ်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုတဲ့ HYUNDAI STAREX ယာဉ်တစီးကို ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ စိတ်ကြွဆေးပြားများ သယ်ဆောင်ခိုင်းသူဖြစ်တဲ့ စစ်ကိုင်းမြို၊့ ဆည်လေးကျေးရွာနေ မင်းမင်းကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရပါတယ်။ လက်ရှိမှာ ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက် ဖော်ထုတ်လျက် ရှိတယ်လို့လည်း စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Related posts

ညီနောင်မဟာမိတ်ဖွဲ့တာ ၁၅ နှစ် ရှိပြီ

Rakhita Times

ငပလီကို စကမ ဗုံးကြဲလို့ ကလေးတဦးအပါ ၇ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

Rakhita Times

မြောက်ဦးဗုံးကြဲခံရမှု သေဆုံးသူ ၁၅ ဦး အထိ ရှိလာ

Rakhita Times

Leave a Comment