NewsPolitic

စစ်တွေမြို့က လမ်းတွေထဲမှာ CCTV တွေ လိုက်တပ်နေ

အာရက္ခတိုင်းမ်စ် (၂၂ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့က လမ်းတွေထဲမှာ CCTV တွေကို လိုက်လံ တပ်ဆင်နေတယ်လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အရင်က CCTV တွေကို မြို့ထဲ လမ်းမတန်းတွေမှာပဲ တပ်ထားလေ့ရှိပေမယ့် အခုအခါမှာတော့ ရပ်ကွက်ထဲက လမ်းတွေမှာ လိုက်ပြီး တပ်ဆင်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“လမ်းတွေမှာ၊ လမ်းခွဆုံတွေမှာ အားလုံး CCTV အကြီး၊ အငယ်၊ လမ်းမတန်းတွေမှာ CCTV အငယ်တွေ၊ လမ်းတလျှောက်တွေမှာ၊ လမ်းမီးတိုင်တွေမှာ CCTV အငယ်တွေ အများကြီး တပ်ထားပါတယ်။ တိုင်ခြား၊ တိုင်ခြားတွေမှာ တလုံး၊ တလုံးစီ အငယ်တွေ တပ်တယ်။ လမ်းခွဆုံ၊ ထောင့်ဆုံတွေမှာကြတော့ အကြီးကြီးတွေ တပ်တယ်။ အဲဒါက အရင်အခါတုန်းကတော့ မြို့ထဲတွေမှာ ရှိတယ်။ အခုကတော့ မြို့ထဲမဟုတ်ဘဲနဲ့ ရပ်ကွက်သွားတဲ့ လမ်းတွေမှာပါ တပ်လာတာပါ” လို့ သူက ပြောပါတယ်။

လျှပ်စစ်မီး မရရှိသေးတဲ့ စစ်တွေမြို့မှာတော့ အဲဒီ CCTV တွေဟာ ဆိုလာစနစ်နဲ့ တပ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး CCTV တပ်ဆင်နေတာကြောင့် သူခိုး အခိုးခံရတဲ့အခါမျိုးမှာ သိရှိရဖို့ လွယ်ကူသွားတဲ့အတွက် အဆင်ပြေ ကောင်းမွန်တယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အဆင်မပြေဖြစ်ဖို့ ဆိုတာတော့ မရှိပါဘူး။ ပိုလို့တောင် ကောင်းပါတယ်။ သူခိုးတွေ သွားတာ၊ လာတာ ရှိတယ်ဆိုရင် သူခိုးတွေ သွားတာကို မြင်ရပါဖို့ မဟုတ်လား CCTV တပ်ထားတယ်ဆိုရင်” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်ဟာ မိုခါမုန်တိုင်းဒဏ်နဲ့ စစ်ပွဲဒဏ်ကို အလူးအလိမ့် ခံစားနေရတာကြောင့် လူနေမှု အဆင့်အတန်းဟာ ပိုမိုနိမ့်ကျလာနေပြီး လျှပ်စစ်မီး မရရှိတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ တွေကြောင့်လည်း မြို့နေ လူထုတွေဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

Related posts

လာမယ့်အခင်းအကျင်းမှာ ရက္ခိုင်အရေးကို သေချာမဆွေးနွေးလို့မရဘူး

Rakhita Times

AA ထောက်ပို့ ဗိုလ်ယက္ခလို့ ခေါ်ဆိုနေသူဟာ အတာ ဆိုသူဖြစ်ပြီး တရားခံပြေးသာဖြစ်တယ်လို့ ဦးခိုင်သုခပြော

Rakhita Times

ARSA အဖွဲ့ဝင်တွေကို AA လိုက်လံချေမှုန်းနေ

Rakhita Times

4 comments

Leave a Comment