NewsPolitic

ဂွမြို့ကို စကမ လေယာဉ်နဲ့ ၅ ကြိမ် လာရောက်ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၃၀ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ်ကို စစ်ကော်မရှင်က ဇန်နဝါရီလ ၂၉ ရက်တွင် ဂျက်ဖိုက်တာနဲ့ ၅ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

“ မနေ့က မနက် ၉ နာရီလောက်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၄ လုံးကြဲချခဲ့တယ်။ ပြီးတော့ နေ့လည်ဖက် ၁၂ နာရီကျော်လောက်မှာ နောက်ထပ်တစီးလာပြီးတော့ ၁ လုံး ကြဲချခဲ့တယ်” လို့ ဂွမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ စစ်ကော်မရှင်ရဲ့ နေဗီကနေလည်း ဂွမြို့နယ်လို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ မြို့ကတော့ တော်တော်လေးကို ပျက်စီးနေပြီ။ ဈေးဆိုလည်း ရစရာမရှိတော့ဘူး။ ဆေးရုံဆိုလည်း ဒီအတိုင်းပဲ။ သူတို့က (စစ်ကော်မရှင်) ရည်ရွယ်ချက်ရှိရှိနဲ့ကို လာရောက်ဖျက်ဆီးနေတာလေ။ လူတွေ မသေတာ၊ ထိခိုက်ဒဏ်ရာမရတာပဲ တော်ပါသေးတယ်” လို့ သူက ထပ်မံပြောပါတယ်။

အလားတူ ရက္ခိုင်ပြည် ဂွမြို့ကို ဦးတည်ပြီး စစ်ကော်မရှင်ရဲ့ နေဗီကနေ ဇန်နဝါရီလ ၂၄ ရက် ည ၉ နာရီကျော်အချိန်ကလည်း လက်နက်ကြီးနဲ့ အကြိမ်ရေ ၇ ကြိမ်ထပ်မနည်း ပစ်ခတ်ခဲ့ပါတယ်။

Related posts

ရက္ခိုင်က တက္ကသိုလ်ဝင်စာမေးပွဲ စစ်ကောင်စီရဲ့ မိသားစုအတွက်ပဲဖြစ်

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန်

Rakhita Times

ရက္ခိုင်က ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်အကူအညီ တိုးမြှင့်ပေးရန် HDCO တိုက်တွန်း

Rakhita Times

3 comments

Leave a Comment