EnvironmentNewsPolitic

ရက္ခိုင်က ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်အကူအညီ တိုးမြှင့်ပေးရန် HDCO တိုက်တွန်း

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁၃ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည်တွင် ဇွန်လကစတင်တကာ မိုးများစွာ ရွာသွန်းမှုကြောင့် နေအိမ်များပျက်စီးခြင်း၊ စပါးခင်းများပျက်စီးခြင်း၊ ရေတွင်းရေကန်များ ပျက်စီးခြင်း၊ လမ်းတံတားများပျက်စီးခြင်းအပြင် ပြည်သူများ အသက်ဆုံးရှုံးခြင်းတွေပါ ရှိခဲ့လို့ အရေးပေါ်အကူအညီ တိုးမြှင့်ဆောင်ရွက်ပေးရန် အရေးတကြီးလိုအပ်နေတယ်လို့ HDCO တိုက်တွန်းလိုက်ပါတယ်။

ရက္ခိုင်ပြည်က ရေဘေးသင့်ခဲ့တဲ့ မြိုနယ် (၈) ခုမှာ တောင်ကုတ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင်က ကျေးရွာ (၁၆၅) ရွာပဲ ဖြစ်ပါတယ်။

အဆိုပါ ရေဘေးကြောင့် အိမ်ထောင်စု (၉,၇၆၁) စုက လူဦးရေ (၄၂,၄၅၉) ဦး ထိခိုက်မှုရှိခဲ့ပြီး နေအိမ် (၅၃) လုံး နဲ့ IDP ရုံးခန်း (၂) ခန်း ပျက်စီးခဲ့ပါတယ်။

အလားတူ ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်ဧက (၁၈,၈၂၃.၁၂) ဧက ပျက်စီးဆုံးရှုံးခဲ့ရပြီး တိရိစ္ဆာန်များ (ကြက်၊ဘဲ၊နွား၊၀က်) ထောင်ချီ သေဆုံးခဲ့ပါတယ်။

ထို့ပြင် လမ်း၊ တံတား (၁၃) စင်း နဲ့ ရေတွင်း၊ ရေကန် (၁၈) ခု ပျက်စီးခဲ့ရပြီး လမ်း၊ တံတား ပျက်စီးမှုများမှာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ရက္ခိုင်ပြည်တွင် အကြောင်းအမျိုးမျိုးကြောင့် လမ်းခရီးသွားလာရာက ရေကြီးနေတဲ့ နေရာများတွင် ရေနစ်ခြင်း၊ ရေစီးနဲ့ မျောပါခြင်းတို့ကြောင့် လူ (၂၁) ဦးခန့် သေဆုံးခဲ့ပါတယ်။

လက်ရှိအခြေအနေအရ အရေးပေါ်အကူအညီများကို တိုးမြှင့်ဆောင်ရွက်ပေးရန် အရေးကြီးပြီး HDCO ကလည်း ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကူညီမှုများကို သက်ဆိုင်ရာ အဖွဲအစည်းများ၊ အလှူရှင်များနဲ့အတူ ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Related posts

အဓမ္မပြုကျင့်သတ်ဖြတ်မှုအတွက် ရက္ခိုင်တွင် သေဒဏ်စတင်ပေး

Rakhita Times

ဓညဝတီရေတပ်ဌာနချုပ် ကျတာနဲ့ ကျောက်ဖြူကို သိမ်းပိုက်နိုင်ပြီ

Rakhita Times

ရမ်းဗြဲကို ဗုံးကြဲခံရလို့ စစ်ရှောင် ၂ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

Rakhita Times

5 comments

Leave a Comment