NewsPolitic

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

အာရက္ခတိုင်းမ်စ် (၄ ဖေဖော်ဝါရီ ၂၀၂၆) 

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် မော်ကြီးကျေးရွာကို စစ်ကော်မရှင်က ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့သို့ စစ်ဘေးရှောင်ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားတယ်လို့ သိရပါတယ်။ 

“ သေဆုံးသွားတာက မော်ကြီးရွာကို စစ်ဘေးရှောင်ရောက်နေတဲ့ ငပုချွိန်ရွာက အဖိုး ၁ ယောက် သေဆုံးပြီးတော့ မော်ကြီးရွာက အဖိုး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဖေဖော်ဝါရီလ ၂ ရက် ညနေ ၅ နာရီခန့်တွင် ပါရာမော်တာ ၁ စီးနဲ့ မော်ကြီးကျေးရွာကို ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မော်ကြီးကျေးရွာတွင် စစ်ဘေးရှောင်နေတဲ့ ငပုချွိန်ကျေးရွာနေ အသက် ၈၅ နှစ်အရွယ် ဦးခိုင်အောင်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး မော်ကြီးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးသိန်းကျော်နု နဲ့ အသက် ၆၀ အရွယ် ဦးခင်မောင်ချေ တို့မှာ ဒဏ်ရာပြင်းထန် ရရှိသွားတယ်လို့ သိရပါတယ်။ 

အလားတူ စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် မော်ကြီးကျေးရွာက ဒေသခံပြည်သူ ဦးမောင်စိုးလွင်နဲ့ ဦးစိုးဝင်းထွန်းတို့ နေအိမ်လည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်ကလည်း ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လသားအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

(ဓါတ်ပုံ – APM) 

Related posts

ပလက်ဝက စစ်သုံ့ပန်း နဲ့ အကျဉ်းသား ၃၀ ဦးကို AA ပြန်လွှတ်ပေး

Rakhita Times

စစ်တွေ – ရန်ကုန် လေယာဉ်လက်မှတ်တွေ ၁၀ ရက်နေ့အထိ ပြည့်နေ

Rakhita Times

အာရက္ခပြည်သူ့ရေးရာမူဝါဒနဲ့ စီမံအုပ်ချုပ်ရေးကျောင်းအတွက် ဝန်ထမ်းခေါ်ယူ

Rakhita Times

Leave a Comment