EducationNewsPolitic

ရက္ခိုင်တွင် ခရစ်ယာန်ကျမ်းစာကျောင်း (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပွဲ ကျင်းပ

အာရက္ခတိုင်းမ်စ် (၆ ဖေဖေါ်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတခုရှိ ခရစ်ယာန်ကျမ်းစာကျောင်းတကျောင်းတွင် (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်ပွဲ အခမ်းအနားကို ဖော်ဝါရီလ ၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်ပွဲအခမ်းအနားတွင် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများကို ဒီပလိုမာဘွဲ့လက်မှတ် ချီးမြှင့်ပေးခဲ့ပြီး ထူးချွန်ကျောင်းသူ၊ ကျောင်းသားများကို ဆုချီးမြှင့်ခြင်း၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုခြင်း၊ ဘွဲ့ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့လက်မှတ်များ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီပလိုမာဘွဲ့လက်မှတ် ရရှိသူ စုစုပေါင်း ၅ ဦးအနက် ၃ ဦးမှာ အမှတ်အများဆုံးဆု ရရှိခဲ့သူများဖြစ်ပြီး ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများမှလည်း အမှတ်အများဆုံးဆု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ခရစ်ယာန်ကျမ်းစာကျောင်းရဲ့ (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းနားပွဲနဲ့ ဆုပေးပွဲအခမ်းနားကိုခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူများနဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အကြီးအကဲများက ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးအောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုခဲ့ကြပြီး ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများကို ဆုငွေများလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ခရစ်ယာန်ကျမ်းစာကျောင်းရဲ့ ၁၈ ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပွဲအခမ်းအနားကို လူပေါင်း ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

Ref & Photo – One Nation News

Related posts

ရက္ခိုင်ပြင်ပ ထွက်ဖို့ ကြိုးစားနေသူတွေကို တားမြစ်ရတာ စစ်ကောင်စီရဲ့ အန္တရာယ်က လွတ်မြောက်ရန်လို့ AA ထုတ်ပြန်

Rakhita Times

ရက္ခိုင်မှာ ဗိုလ်ချုပ်က သံတမန်ရေးကျွမ်းကျင်တဲ့အတွက် စိတ်ပူစရာမလိုလို့ ပြော

Rakhita Times

AA အနေနဲ့ ချဲဒိုင်များကို အရေးယူပေးရန် သံတွဲမြို့ပြည်သူတွေ လိုလားနေ

Rakhita Times

3 comments

Leave a Comment