HealthNewsPolitic

ရာသီဥတုဒဏ်ကြောင့် ဂွမြို့ရှိ တလသားအရွယ် စစ်ရှောင်ကလေးငယ်တဦးသေဆုံး

အာရက္ခတိုင်းမ်စ် (၁၁ ဖေဖော်ဝါရီ ၂၀၂၆)

ရာသီဥတုအအေးဒဏ်ကြောင့် ရက္ခိုင်ပြည်၊ ဂွမြို့နယ်ရှိ တလသားအရွယ် စစ်ရှောင်ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ ဂွမြိုနယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ ကလေးငယ်ဟာ ဂွမြို့နယ်၊ ကျန္တလီမြို့တွင် စစ်ရှောင်နေတဲ့ သံတွဲမြို့နယ် မောင်ရွှေလေးရွာက စစ်ရှောင်မိသားစုတစုမှဖြစ်ပြီး အောင်စီဂျင်ကျလို့ ဆေးကုသမှု ခံယူရန် ပိုဆောင်စဉ် (ဖေဖော်ဝါရီလ ၈ ရက်) နံနက် ၅ နာရီ ၄၅ မိနစ်မှာ သေဆုံးခဲ့တာလို့ သိရပါတယ်။

“ ကလေးက ချွဲကြပ်ပြီး ဆုံးသွားတာပါ က‌လေးက ရောဂါအခံကြောင့် မဟုတ်ပါဘူး။ တလသားဆိုတော့ ငယ်သေးတယ်။ ဆောင်းကလည်း ဒီရက်ပိုင်း ပြန်အေးတယ်။ က‌လေးတော်‌တော်များများအဆုတ်ပွတယ်”  လို့ အဆိုပါအဖွဲရဲ့ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လတ်တလောမှာတော့ ရက္ခိုင်ပြည် စစ်ရှောင်တွေအတွက် စောင်၊ အနွေးထည်များ လိုအပ်နေပြီး အအေးဒဏ်ကြောင့် စစ်ရှောင် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တချို့ ဖျားနာမှုများ ရှိနေကာ ဆေးဝါးလိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ဆိုပါတယ်။

Related posts

မူးယစ်ဆေးဝါးရောင်းချတဲ့ အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲဝင် ၇ ဦးအပါအဝင် စုစုပေါင်း ၁၁ ဦးကိုဖမ်းဆီး

Rakhita Times

ရက္ခိုင်နယ်စပ် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ AA ထိုးစစ်ဆင်

Rakhita Times

AA ထိန်းချုပ်တဲ့ ၄ မြို့နယ်မှာ စကမ က ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်လာနိုင်

Rakhita Times

Leave a Comment