NewsPolitic

ANP ပါတီက ဦးသာထွန်းလှ ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း

အာရက္ခတိုင်းမ်စ် (၃၁ မတ် ၂၀၂၆)

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဦးသာထွန်းလှ ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ (မတ် ၃၁) မနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းပြည်ရဲ့ အရင်းခံ ပြဿနာတွေကို ဖြေရှင်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Political Coordination Body – PCB)” ကို ဖွဲ့စည်းလိုက်တာလို့လည်း သိရပါတယ်။

တူညီတဲ့ မူဝါဒတွေရှိတဲ့ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ပြီး ဒီအဖွဲ့ကို ၂၀၂၃ ခုနှစ်ကတည်းက တွေ့ဆုံညှိနှိုင်းခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့တာလို့လည်း သိရပါတယ်။

PCB က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံရေးအကျဥ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်၊ လွတ်လပ်စွာ ရေးသား၊ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကို သက်ဆိုင်တဲ့ အင်အားစုများအားလုံးက အသိအမှတ်ပြု အာမခံရန်၊ အဓမ္မ တပ်သားစုဆောင်းခြင်းနဲ့ စစ်မှုထမ်းစေခြင်းများကို မပြုလုပ်ရန်၊ အရပ်သားပြည်သူများ သေကျေပျက်စီး ထိခိုက်နစ်နာစေမယ့် စစ်ရေးဆောင်ရွက်ချက်များ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံများကို ဦးတည်တိုက်ခိုက်ခြင်း ရှောင်ရှားရန်နဲ့ CDM များ အရပ်ဘက်ဝန်ထမ်းများနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ခြင်း မပြုရန်နဲ့ နိုင်ငံသားများရဲ့ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာ သွားလာခွင့်ကို တားမြစ်ခြင်းများ မပြုလုပ်ရန် စတာတွေကို တောင်းဆိုတိုက်တွန်းထားပါတယ်။

ထို့ပြင် တိုင်းပြည်ရဲ့ အရင်းခံ ပြဿနာများ ဖြေရှင်းနိုင်ရေး သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေး ကြိုးပမ်းကြရန်လည်း တိုက်တွန်းထားပါတယ်။

Political Coordination Body တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှ တို့က ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားပါတယ်။

Related posts

ပလက်ဝတွင် သိန်း ၂ ထောင် တန်ဖိုးရှိ သံဖြူများ မဆုံးရှုံးရအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ ကူညီ

Rakhita Times

အာဆာအဖွဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူများစာရင်း AA ထုတ်ပြန်လာ

Rakhita Times

ရွေးတုအစိုးရက ကမ်းစပ် ၃ နေရာကို လက်နက်ကြီးနဲ့ပစ်၊ ၁ ဦး သေဆုံးပြီး ငါးဖမ်းလှေ ၁ စီး မီးလောင်ပျက်စီး

Rakhita Times

4 comments

BrianBoill စက်တင်ဘာ 3, 2026 at 2:35 မနက်

В основном поводом для вызова становятся головная боль, тремор, сердцебиение, скачки давления, слабость, тошнота и бессонница. Алкоголь вызывает потерю жидкости и солей, а продукты его распада влияют на работу мозга, печени и сердечно-сосудистой системы. Инфузионное лечение помогает нормализовать водно-солевой обмен и сделать абстинентный период легче, но полное определение тактики остается прерогативой врача.
Получить больше информации – капельница от запоя на дому москва

Reply
BrianBoill စက်တင်ဘာ 3, 2026 at 3:55 မနက်

Помощь можно получить анонимно, с аккуратным оформлением и внимательным отношением к личным данным.
Получить больше информации – капельница от запоя на дому круглосуточно

Reply
ManuelHoaks စက်တင်ဘာ 3, 2026 at 10:15 မနက်

Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Получить больше информации – narkologicheskaya-bolnica-moskvy

Reply
Vernonzer စက်တင်ဘာ 7, 2026 at 8:44 ညနေ

В Красноярске помощь можно получить на дому или в стационаре наркологической клиники. Нарколог учитывает возраст пациента, длительность запоя, количество спиртного, хронические заболевания, предыдущий опыт лечения и препараты, которые человек принимал самостоятельно. Такой подход позволяет подобрать необходимое лечение и определить, безопасен ли вывод из запоя на дому. Если состояние тяжелое, врач рекомендует госпитализацию и более продолжительное наблюдение в клинике.
Ознакомиться с деталями – https://2.vyvod-iz-zapoya-krasnoyarsk55.ru/

Reply

Leave a Comment