NewsPolitic

ရက္ခိုင်ပြည်အနှံ့ ချင်းအမျိုးသားနေ့ ကျင်းပ

အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေများတွင် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ သံတွဲ၊ တောင်ကုတ်မှာလည်း လုပ်တယ်။ အဲဒီနေ့ကဆိုရင် လေယာဉ်တွေ တောက်လျောက်ဝဲနေတာ၊ ကြောက်ကြောက်နဲ့ပဲ လုပ်ကြတာပေါ့။ ဒီလို အခမ်းအနားနဲ့က မလုပ်တာကြာပြီလေ။ အခုတော့ ပြန်လုပ်ခွင့်ရလို့ ဝမ်းသာပျော်ရွှင်နေကြတယ်”  လို့ သံတွဲမြို့နယ်က ချင်းအမျိုးသားတဦးက ပြောပါတယ်။

ကျင်းပခဲ့တဲ့ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူများ၊ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက တာဝန်ရှိသူများ၊ ဒေသအုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးဆိုင်ရာနဲ့ ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ ရက္ခိုင်ပြည် လေးမြို့ဒေသတွင်လည်း ပြည်သူ တထောင်ကျော်နဲ့ စည်ကားစွာ ကျင်းပြပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ အခမ်းအနားတွင် ချင်းအမျိုးသားအလံကို အလေးပြုချီတက်ခြင်း၊ ချင်းရိုးရာဝတ်စုံများနဲ့ အကအလှဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာဂီတ တီးခတ်ခြင်းများနဲ့ ယဉ်ကျေးမှုပြပွဲများလည်း ထည့်သွင်းကျင်းပခဲ့ပြီး ပွဲကိုတက်ရောက်လာကြတဲ့ ရွာသားများနဲ့ ဧည့်သည်များကို ထမင်းဟင်းများနဲ့ တည်ခင်းကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာတွင် “ ချင်းနဲ့ ရက္ခိုင် သမိုင်းသစ်ရေးထိုးမယ်”  လို့ ထည့်သွင်း ဖော်ပြထားပါတယ်။

Related posts

အာရက္ခ တပ်တော်မှ ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝ ပုံရိပ်များ (၁၆)

Rakhita Times

စကမဘက်က တအားခုခံနေတဲ့အတွက် AA စစ်တွေကို သိမ်းနိုင်ဖို့ မလွယ်

Rakhita Times

မျိုးသုဉ်းလုနီးပါး လိပ်မျိုးစိတ် လိပ်စောင်းလျားကို မြေပုံတွင် တွေ့ရှိ

Rakhita Times

1 comment

sub.elfejewelry.com မေ 27, 2026 at 7:57 မနက်

References:

New casino sub.elfejewelry.com

Reply

Leave a Comment