HealthNewsPolitic

မောင်တောတွင် ၅ နှစ်အောက်ကလေးတွေကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးနေ

အာရက္ခတိုင်းမ်စ် (၄ မတ် ၂၀၂၆)

ရက္ခိုင်ပြည် ၊ မောင်တောမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေတဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မတ်လ ၃ ရက်ကစတင်ကာ တတိယအကြိမ်အ‌ြေဖစ် ကာကွယ်ဆေး ထိုးနှံပေးနေတယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ၂ လ နဲ့ ၁ နှစ်ကြား ကလေးငယ်များအတွက် ပိုလီယိုရောဂါကာကွယ်ရန် OPV သောက်ဆေး၊ ဆုံဆို့နာ၊ မေးခိုင်နဲ့ ကြက်ညှာချောင်းဆိုး ရောဂါ (၃) မျိုးကို ကာကွယ်ပေးတဲ့ (DPT) ထိုးဆေး နဲ့ ခြင်ကတဆင့် ကူးစက်တတ်တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး (JE) များ ထိုးနှံပေးခဲ့တာလို့လည်း သိရပါတယ်။

ဆက်လက်ပြီးတော့ ၁ နှစ် နဲ့ ၃ နှစ်ကြား ကလေးငယ်တွေကို ရေကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ရေကျောက်ရောဂါကာကွယ်ဆေး၊ ၃ နှစ်နဲ့ ၅ နှစ်ကြားကလေးငယ်တွေကို အသည်းရောင်အသားဝါ – A ကာကွယ်ဆေးနဲ့ ဦးနှောက်အမြှေးရောင်၊ သွေးဆိပ်သင့်ရောဂါများကို ကာကွယ်ပေးတဲ့ ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးတွေကိုလည်း ထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ မောင်တောမြို့နယ်က ၅ နှစ်အောက်ကလေးငယ်တွေကို ပထမအကြိမ်အဖြစ် ကာကွယ်ဆေးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း မောင်တောမြို့ပေါ် နဲ့ ရွှေဇား၊ ဂုံးနား၊ ကပ္ပကောင်း၊ ဂေါညာ၊ ကပ်ဘေး၊ စေတီပြင် စတဲ့ မူဆလင်ကျေးရွာများအပါအဝင် မောင်တောမြောက်ပိုင်း ကျေးရွာတွေမှာ ထိုးနှံပေးခဲ့ပါတယ်။

ဒုတိယကြိမ်အဖြစ် ၅ နှစ်အောက် ကလေးငယ်များကို ဇန်နဝါရီလ ၃၀ ရက်တွင် မောင်တောမြို့ပေါ်ရှိ ရပ်ကွက်များတွင် ထိုးနှံပေးခဲ့တယ်လို့လည်း သိရပါတယ်။

Ref & Photo – Golden Era Media

Related posts

စစ်တွေမှာ ဓာတ်ဆီတွေ ဈေးပြန်တက်

Rakhita Times

ရက္ခိုင်ပြည် တောင်ကုတ်မြို့ တောင်ကုတ်ဟိုတယ် ပတ်ဝန်းကျင်ကို စစ်ကောင်စီရဲ့ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်

Rakhita Times

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း ဆေးလာရောက် ကုသနေတဲ့ မူဆလင်မိသားစုလေးဦး သေဆုံး

Rakhita Times

Leave a Comment