(တစ်)
သိပ်မကြာသေးမီ သီတင်းပတ်က ဖြစ်သည်။ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) မှ တရုတ်ဘာသာစကားဖြင့် ပြောဆိုထားသော ဗွီဒီယိုဖိုင်တဖိုင်ကို လူသိရှင်ကြား ထုတ်ပြန်လာခဲ့သည်။ ထိုဗွီဒီယိုထဲတွင် တရုတ်အစိုးရအဖွဲ့ဝင်များကို CIA ထံတွင် သူလျှိုအဖြစ် ဝင်ရောက်လုပ်ကိုင်ကြရန် မက်လုံးပေး ဖိတ်ခေါ် ထားပြီး ဆက်သွယ်ရမည့် နည်းလမ်းများကိုပါ ဖော်ပြပေးထားသည်။
ရုတ်တရက် ကြည့်လိုက်မည်ဆိုပါက ထိုဗွီဒီယိုနှင့် ပတ်သက်၍ CIA ၏ ထုတ်ပြန်ချက်မှာ အလွန်တရာ အူကြောင်ကြောင် နိုင်လွန်းသည်ဟု ထင်မှတ်စရာ ရှိနေ၏။ သို့သော် တကယ့်လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။ CIA မှ ထိုဗွီဒီယိုကို ထုတ်ပြန်လိုက်ချိန်သည် တရုတ်သမ္မတရှီကျင့်ဖျင်က တရုတ်စစ်တပ်အကြီးအကဲကို ရာထူးဖြုတ်ပစ်လိုက်ချိန်နှင့် မရှေးမနှောင်း အချိန်ကာလတခုတွင် ဖြစ်၏။ CIA သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တရုတ်စစ်တပ်တို့အကြား စည်းလုံးမှု ပျက်ပြားနေချိန်တွင် ထိုအခြေအနေထဲမှ အမြတ်ထုတ်ရန် ရည်ရွယ် လုပ်ဆောင်လာခြင်းပင် ဖြစ်၏။ ယခုပြုလုပ်သည့်နည်းလမ်းအတိုင်းပင် ယူကရိန်း-ရုရှား စစ်ပွဲမတိုင်မီ ကာလကလည်း CIA သည် ရုရှားထံမှ သူလျှိုများကို ဖိတ်ခေါ်သော ဗွီဒီယိုဖိုင်တခုကို ရုရှားဘာသာဖြင့် ထုတ်ပြန်ခဲ့သေးသည်။ ထိုဗွီဒီယိုကြောင့်ပင် ယူကရိန်း ကျူးကျော်စစ်နှင့်ပတ်သက်၍ ရုရှားသမ္မတဗလာဒီမာပူတင်၏ ဆုံးဖြတ်ချက်များကို မနှစ်သက်သော ရုရှားသူလျှိုများစွာကို CIA မှ ရရှိသွားခဲ့ပေသည်။
ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခတ်မှစတင်ကာ ကမ္ဘာအင်အားကြီး နိုင်ငံများဖြစ်ကြသော အမေရိကန်၊ ရုရှားနှင့် အင်္ဂလန်စသော နိုင်ငံများသည် ၎င်းတို့နိုင်ငံ၏ ပါဝါကို မြှင့်တင်နိုင်ရန်အတွက် ထောက်လှမ်းရေးကဏ္ဍအား အစွမ်းကုန် ကြိုးစားတည်ဆောက် လာခဲ့ကြသည်။ ၎င်းတို့၏ ထောက်လှမ်းရေး လုပ်ငန်းစဉ်များထဲတွင် ဒေသတွင်း လုံခြုံရေးကိစ္စရပ်များကိုသာမကဘဲ ပြိုင်ဘက်နိုင်ငံအစိုးရအဖွဲ့အစည်းများ၏ ထိပ်တန်းလျှို့ဝှက်ကိစ္စများကိုပါ သတင်းနှိုက်ခြင်းများ ပါဝင်သည်။ ရန်သူ၏ ခြေလှမ်းကို ကြိုသိနိုင်မှသာလျှင် ရန်သူထက် ခြေတလှမ်း အသာစီး ရရှိလိမ့်မည်ဆိုသော သဘောတရားသည် ထောက်လှမ်းရေး၏ ရပ်တည်ချက်သဘောမျိုး ဖြစ်နေ၏။ မည်သို့ပင်ဖြစ်စေ အမေရိကန်၏ CIA၊ ရုရှား၏ ကေဂျီဘီ၊ အစ္စရေး၏ မော့ဆက် စသော နာမည်ကြီး ထောက်လှမ်းရေးဌာနများသည် လက်ရှိကမ္ဘာ့ပါဝါ ချိန်ခွင်လျှာကို တနည်းတဖုံဖြင့် ညှိနေကြသည်မှာ အမှန်ပင်ဖြစ်၏။ ကမ္ဘာစစ်အတွင်းကို ပြန်ကြည့်မည်ဆိုပါကလည်း ထောက်လှမ်းရေးစွမ်းရည် မြင့်မားသောနိုင်ငံက စစ်ကို အနိုင်နွှဲ နိုင်ခဲ့ကြသည်သာ ဖြစ်ပေ၏။ ဤသည်မှာ ထောက်လှမ်းရေးကဏ္ဍ၏ အရေးပါမှုများကို ညွှန်ပြနေပေသည်။
(နှစ်)
ယနေ့ အာရက္ခပြည်၏ အခြေအနေ အခင်းအကျင်းမှန်သမျှသည် လွန်ခဲ့သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မတိုင်မီ အခြေအနေတို့နှင့် မိုးနှင့်မြေပမာ ကွာခြားနေခဲ့ပြီး ဖြစ်ပေသည်။ အာရက္ခတပ်တော် (AA) သည် သမိုင်းထဲမှ ရက္ခိုင်ဘုရင့်နိုင်ငံတော်၏ သီးခြားလွတ်လပ်၍ ဂုဏ်သိက္ခာရှိသော အခြေအနေ အရပ်ရပ်တို့အား ရက္ခိုင်ပြည်သူများ လက်ထဲသို့ တဖန်ပြန်လည် အပ်နှင်းနိုင်ရန်အတွက် အဆင်သင့် ဖြစ်နေသည့် အနေအထားဟုပင် ဆိုနိုင်၏။ Arakan Dream – 2020 (အာရက္ခအိပ်မက် – ၂၀၂၀) အလွန် ငါးနှစ်ကျော်ကာလတွင် အာရက္ခတပ်တော် (AA) သည် အာရက္ခပြည်၏ ၉၀ ရာခိုင်နှုန်းမျှကို သိမ်းပိုက် ထိန်းချုပ်ထားပြီးလည်း ဖြစ်သည်။ အနည်းဆုံး “ ဝ“ ပြည်ထက်မနိမ့်သော ကွန်ဖက်ဒရိတ်အဆင့်ကို ရယူလိုကြောင်း ပြောဆိုထားသည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ နှုတ်ထွက်စကားမှာလည်း တကယ့်လက်တွေ့ ဖြစ်လာရန်အတွက် လက်တကမ်းအလိုပင် ဖြစ်ပေသည်။
လက်ရှိအချိန်တွင် အာရက္ခတပ်တော်၏ နိုင်ငံရေးအဖွဲ့အစည်းတခုဖြစ်သော ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ကိုဖွဲ့စည်းကာ သိမ်းပိုက်ရရှိထားပြီးသော မြို့နယ်(၁၅) ခုအတွင်း အုပ်ချုပ်ရေးယန္တယားကို လည်ပတ်လျှက် ရှိနေ၏။ စစ်ရေးစစ်ရာများ အလုံးစုံ မပြီးပြတ်သေးသည့် ကာလဖြစ်သဖြင့် လိုအပ်ချက်အချို့ ရှိနိုင်သေးသော်လည်း တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် အာရက္ခပြည်သည် ထိုက်သင့်သော တည်ငြိမ်မှုကို ရရှိနေပြီးလည်း ဖြစ်၏။ သို့သော် အာဏာသိမ်းစစ်တပ်သည် အာရက္ခပြည်တွင်းမှ စစ်ရှုံးကာ ထွက်ခွာသွားခဲ့ရသည့်အခြေအနေတို့ကို ဂုဏ်သိက္ခာရှိရှိ လက်သင့်ခံနိုင်ရန် မကြိုးစားဘဲ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အုပ်ချုပ်မှုအောက်မှ မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်လျှက်ပင် ရှိနေသေး၏။ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ထားသည့် အာဏာသိမ်းစစ်တပ်သည် အာရက္ခပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ရန် အချိန်မရွေး တာစူနေ သည့်အတွက် အာရက္ခပြည်၏ လုံခြုံရေးမှာ ခြိမ်းခြောက်ခံနေရဆဲဟု ဆိုရမည်ပင် ဖြစ်သည်။
(သုံး)
အာဏာသိမ်းစစ်တပ်သည် နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူထားပြီးချိန်မှစတင်ကာ နိုင်ငံတဝှမ်းလုံးကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း (၄၄၀၀) ကျော် ပြုလုပ်ခဲ့ပြီး အရပ်သား (၄၆၀၀) ကျော်၏ အသက်ဇီဝိန်ကို ရက်ရက်စက်စက် ခြွေချပစ်ခဲ့ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ (BWU) ၏ ထုတ်ပြန်ချက်ထဲတွင်လည်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်း၊ လက်နက်ကြီးနှင့် တခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမျိုးသမီးပေါင်း (၇၉၂) ဦး သေဆုံးပြီး (၈၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယခုနှစ် အစောပိုင်းက ထုတ်ပြန်ထား၏။
အာရက္ခပြည်သည် ပင်လယ်ကမ်းခြေဒေသဖြစ်သည့်အတွက် အာဏာသိမ်းစစ်တပ်အနေဖြင့် စစ်ရေးဖော်ဆောင်ရာတွင် ကြည်း၊ ရေနှင့် လေသုံးမျိုးလုံးကို တပြိုင်တည်း တိုက်စစ်ဖွင့်နိုင်ရန် အခွင့်အရေးများ ရှိနေ၏။ သို့သော် အာဏာသိမ်းစစ်တပ်၏ မြေပြင်တပ်များသည် အာရက္ခတပ်တော် (AA) ကို မြေပြင်ပါ်တွင် မည်သည့်နည်းနှင့်မျှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိသည်မှာ သေချာ၏။ ထို့အပြင် တိုက်ခိုက်ရေးတွင် အကန့်အသတ်များ ရှိနေသော အာဏာသိမ်းစစ်တပ်၏ ရေတပ်ဆိုသည်မှာလည်း အာရက္ခပြည်ကို အချိန်တိုင်း၊ နေရာတိုင်းတွင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်မျိုးတော့ မဟုတ်ပေ။ ထို့ကြောင့်ပင် အာဏာသိမ်းစစ်တပ်သည် အာရက္ခပြည်ကို ထင်တိုင်းကြဲနိုင်ရန်အတွက် လေကြောင်းအားကိုသာ အဓိက အားကိုးနေရပုံ ပေါ်လွင်သည်။
မျက်မှောက်ကြုံတွေ့နေရသော အခြေအနေများကို ပြန်ကြည့်ပါက အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူနှင့် စစ်တွေကဲ့သို့ မြို့များကိုသာမကဘဲ အာရက္ခတပ်တော်၏ ထိန်းချုပ်မှုအောက်မှ တိုက်ပွဲလုံးဝမရှိတော့သည့် မြို့နယ်များကိုပါ လေကြောင်းတိုက်ခိုက်မှု မကြာခဏ ပြုလုပ်လျက် ရှိနေသည်။ အာရက္ခပြည်၏ လေကြောင်းတိုက်ခိုက်မှု အခံရဆုံးမြို့နယ်များဖြစ်ကြသော ကျောက်တော်၊ မြောက်ဦးနှင့် သံတွဲမြို့များသည် အာဏာသိမ်းစစ်တပ်၏ အထူးအာရုံစိုက်ရာ မြို့များဖြစ်ပုံရ၏။ အထူးသဖြင့် အာရက္ခတပ်တော်စစ်ဦးစီးချုပ်၏ ပြည်တော်ဝင်သတင်းများထွက်ပေါ်လာခဲ့ပြီးသည့်နောက်ပိုင်းတွင် ကျောက်တော်နှင့် မြောက်ဦးသည် အာဏာသိမ်းစစ်တပ်၏ အဓိကလေကြောင်းပစ်မှတ်သဖွယ် ဖြစ်လာခဲ့သည်ကို တွေ့ရ၏။ ကုန်လွန်ခဲ့သည့် ခြောက်လတာကာလအတွင်း ကျောက်တော်နှင့် မြောက်ဦးမြို့များအတွင်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဟိုတယ်၊ ဆေးရုံနှင့် စစ်သုံ့ပန်းအကျဉ်းထောင် စသောနေရာများကို လေကြောင်းမှတိုက်ခိုက်မှုအကြိမ်ကြိမ် ပြုလုပ်ခဲ့ပေသည်။
(လေး)
စစ်အတွင်းတွင် ရန်သူသည် ရန်သူကဲ့သို့ ပြုမူသည်ဟု ဆိုနိုင်သော်လည်း အာရက္ခပြည်တွင်းမှ အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် ထိုမျှလောက် သမရိုးကျ မဆန်နိုင်ချေ။ လေကြောင်းတိုက်ခိုက်ခံရသော နေရာများသည် အာဏာသိမ်းစစ်တပ်ဘက်တော်သား သူလျှိုများ၏ သတင်းပေးပို့ချက်များကြောင့်လားဆိုသော မေးခွန်းကို ထည့်သွင်းစဉ်းစားစရာ ဖြစ်လာနေသည်။ လက်ရှိ အာရက္ခပြည်တွင်းတွင် အများပြည်သူ အသုံးပြုခွင့်ရှိေသာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ရှိနေသည်ဖြစ်ရာ ရန်သူ့သတင်းပေးများသည် ထိုနေရာများမှတဆင့် အလွယ်တကူပင် သူလျှိုလုပ်နိုင်မည် ဖြစ်၏။ သာမန်ပြည်သူ အရေခွံကို ခြုံထားသည့် သူလျှိုများ အာရက္ခပြည်အတွင်း မရှိနိုင်ဟု လျှော့မတွက်မိစေရန် အရေးကြီးလှပေသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးချိန် ၁၉၄၈ ခုနှစ်မှစတင်ကာ အာရက္ခတပ်တော် (AA) ထူထောင်ချိန် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်အထိ နှစ်ပေါင်း (၇၀) ကျော်ကြာအောင် ရက္ခိုင်လူမျိုးတို့သည် ဗမာအာဏာရှင်စစ်တပ်နှင့် ဗမာလူမျိုးကြီးဝါဒီ အစိုးရအဆက်ဆက်တို့၏ နိုင်ငံရေး နယ်ရုပ်ကလေးများအဖြစ် နေထိုင်လာခဲ့ကြရ၏။ တိုင်းရင်းသားလူမျိုးအများစုတွင် ၎င်းတို့လူမျိုးများ၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးမည့် တော်လှန်ရေးတပ်ဖွဲ့များ ကိုယ်စီရှိနှင့်နေခဲ့ကြသော်လည်း ရက္ခိုင်တို့တွင်မူ ထိုသို့ မရှိခဲ့ပေ။ ရွေးချယ်စရာ မရှိသာအခြေအနေအောက်တွင် ရက္ခိုင်လူမျိုးများသည် ဗမာစစ်တပ်နှင့် ဗမာအစိုးရအဆက်ဆက်တို့၏ ဦးနှောက်ဆေးခြင်းကို ဆယ်စုနှစ်များစွာ ခံလာခဲ့ကြရသည်။ ထိုအချက်ကြောင့်ပင် ရက္ခိုင်အချင်းချင်းတူသော်လည်း ရက္ခိုင်မျိုးချစ်စိတ် ဗလာဖြစ်နေသည့် ရန်သူ့ဘက်တော်သား ရက္ခိုင်တချို့ ရှိလာခဲ့ပေသည်။ ထိုသူများသည် အခွင့်သာသည်နှင့် ၎င်းတို့ သစ္စာခံရာ အာဏာသိမ်းစစ်တပ်အတွက် သူလျှို ပြုလုပ်ပေးကြလိမ့်မည်မှာ ယုံမှားသံသယဖြစ်စရာ မရှိပေ။
အာဏာသိမ်းစစ်တပ်သည် သပ်သျှိုသွေးခွဲခြင်းအတတ်ပညာနှင့် သူလျှိုဒလန်မွေးမြူခြင်းအတတ်ပညာ တို့တွင် တဖက်ကမ်းခတ် လိမ္မာပါးနပ်၏။ နမူနာအဖြစ် ၁၉၈၈ အလွန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်သော အထူးစုံစမ်းစစ်ဆေးရေးဌာန(စသုံးလုံး) အဖွဲ့တစ်ခုပေါ်ပေါက်ခဲ့ပြီး ထိုအဖွဲ့သည် မြန်မာတနိုင်ငံလုံးကို လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန်အောင်အထိ သူလျှိုဝင်ကာ မွှေနှောက်ပစ်သည့် သာဓက ရှိခဲ့လေသည်။ ထို့အပြင် ထို (စသုံးလုံး) အဖွဲ့ကြောင့်ပင် တိုင်းရင်းသားဒေသများတွင်လည်း အစိပ်စိပ်အမွှာမွှာ ကွဲပြားသွားခဲ့ရသော နမူနာများ ရှိနေသည်။ လက်ရှိအချိန်တွင်လည်း အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ အာဏာသက်ရောက်မှုမရှိတော့သည့် အာရက္ခမြို့နယ်များတွင် သစ္စာခံသူလျှိုများ မွေးမြူထားနိုင်သည်ကို သတိချပ်ရမည်ပင် ဖြစ်ပေသည်။
(ငါး)
အမေရိကန်သမ္မတတဦးသည် မနက်မိုးလင်းသည်နှင့် ထောက်လှမ်းရေးအဖွဲ့ပေါင်းစုံမှ အစီရင်ခံချက် A-4 တမျက်နှာခန့်ကို နေ့စဉ် ဖတ်ရှုသုံးသပ်ရလေ့ရှိသည်။ ဤသည်မှာ အမေရိကန်ကဲ့သို့ အင်အားကြီး နိုင်ငံတခု၏ ထောက်လှမ်းရေးကဏ္ဍကို မည်မျှအလေးအနက်ထားကြောင်း ပြယုဂ်ပင် ဖြစ်သည်။ ထောက်လှမ်းရေးကဏ္ဍတွင် စွမ်းဆောင်ရည်နိမ့်ကျပြီး နှေးကွေးသွံားမည်ဆိုပါက အမေရိကန်၏ ကမ္ဘာ့အဆင့် (၁) နေရာကို ပြိုင်ဖက်နိုင်ငံများမှ ချက်ချင်းလက်ငင်း ရယူသွားကြမည်ပင် ဖြစ်ပေသည်။
လက်ရှိ အာရက္ခပြည်တွင်လည်း ပြည်သူလူထု၏ လုံခြုံရေးအတွက် စွမ်းဆောင်ရည်မြင့်မားသည့် ထောက်လှမ်းရေးကဏ္ဍတခု အရေးတကြီး လိုအပ်နေသည်ဟု ဆိုရပေမည်။ CIA၊ ကေဂျီဘီနှင့် မော့ဆက် တို့ကဲ့သို့ နိုင်ငံတကာကို ဖြန်ကျက်ရန်မဖြစ်နိုင်သော်လည်း အာရက္ခပြည်သူလူထု၏ ယုံကြည်ကိုးစားခြင်းကို အလုပ်နှင့် သက်သေပြမည့် ပြည်သူ့ထောက်လှမ်းရေးဌာနမျိုး ရှိနေသင့်သည်ဟု ယူဆမိပါသည်။ သို့မှသာ အာရက္ခပြည်၏ လုံခြုံရေးကို ခြကောင်များပမာ တစတစ ကိုက်ဖြတ်စားသောက်နေသည့် သူလျှိုဒလန်များကို စုံစမ်းဖော်ထုတ်ပြီး သာယာအေးချမ်းသည့် အာရက္ခပြည်ကို ထူထောင်နိုင်လိမ့်မည်ပင် ဖြစ်ပေသည်။
နီရီရီ

39 comments
References:
Jupiters casino gold coast http://forum.familylawexpress.com.au
References:
William hill mobile app https://rsaqrhw704003.blogdal.com/41981058/casino-of-gold-dein-ultimativer-guide
References:
Liberty slots casino nutritionwiki.space
References:
Tunica ms casinos cruzenews.com
References:
Casino marketing https://apunto.it/user/profile/963507
References:
Las vegas online casino dailybeacon.site
References:
Rt 66 casino peatix.com
References:
Schecter blackjack atx solo 6 https://architecturewiki.site
References:
Instant Casino Willkommensbonus
References:
https://peatix.com/user/29717981/view
References:
Indiana casinos https://gardenwiki.site/
References:
House of fun casino http://www.qazaqpen-club.kz
References:
Best online casino bonuses in the uk http://amur.1gb.ua/user/domainjoke66/
References:
Gold eagle casino https://gamingwiki.space/
References:
Connecticut casinos https://bom.so/oM1441
References:
William hill android app download https://www.instapaper.com/
References:
Dark time mahjong https://king-bookmark.stream
References:
Tulalip casino forum.board-of-metal.org
References:
Best online games for mac https://wilcox-bolton-2.mdwrite.net
References:
Silver oak casino freudwiki.site
References:
Minnesota casinos madk-auto.ru
References:
Green valley casino http://www.investagrams.com
References:
Legends casino https://forum.drapinballleague.com
References:
Twin river casino https://nomadwiki.space/wiki/OnlineVegas
References:
Slots com roadwiki.site
References:
Instant Casino Konto erstellen
References:
https://raymond-ismail-2.hubstack.net/willkommensbonus-200
References:
Las vegas slot machines https://prpack.ru
References:
Casino games slot machines https://peatix.com/
References:
Ameristar casino east chicago https://molchanovonews.ru/user/toiletmiddle6/
References:
Boardwalk casino https://socialbookmark.stream/
References:
Platinum casino http://www.qazaqpen-club.kz/en/user/violetstone2/
References:
Tabactivity https://nutritionwiki.space/
References:
Casino download 500px.com
References:
Silverstar casino https://intensedebate.com/people/eastyoke46
References:
Aliante casino las vegas https://neolatinswiki.site/
References:
Poker machines https://khan-gaines-4.technetbloggers.de/
References:
Casino bet tvoyaskala.com
References:
Casino games slots roadwiki.site
References:
Le richelieu https://hedgedoc.info.uqam.ca/s/8m5wVkcGu
References:
Pink floyd live http://www.bmw-workshop.com/member.php?action=profile&uid=50864