အာရက္ခတိုင်းမ်စ် (၄ မတ် ၂၀၂၆)
စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပုဂ္ဂလိကပိုင်ယာဉ်တွေဟာ လစဥ် စုံရက်တွေမှာ စုံအက္ခရာနဲ့ မ ရက်တွေမှာ မ အက္ခရာ နံပါတ်ပါယာဉ်တွေ မောင်းနှင်အသုံးပြုကြဖို့ ထုတ်ပြန်လာပါတယ်။
အဲဒီအစီအစဉ်ကိုတော့ မတ်လ ၇ ရက်နေ့မှ စတင်ကြဖို့ ပြောထားပြီး လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေအရ အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေ သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတလျှောက်မှာ အတားအဆီး၊ အဟန့်အတား ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိတာကြောင့်လို့ သိရပါတယ်။
အဲဒီအခြေအနေတွေကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနဲ့ ဖူလုံမှုရှိစေရေးအတွက် စည်းကမ်းသတ်မှတ်လိုက်တာဖြစ်ပြီး လစဉ် “ စုံ” ရက်တွေမှာ စုံနံပါတ် အက္ခရာပါယာဉ်တွေ (ဥပမာ- 2A/—- 4A/—စသဖြင့်)၊ မ ရက်တွေမှာ မ နံပါတ်အက္ခရာပါတဲ့ယာဉ်တွေ (ဥပမာ-1A/—-3A/—- စသဖြင့်) ပုဂ္ဂလိကပိုင်ယာဉ်တွေ မောင်းနှင် အသုံးပြုကြရမှာပါ။
အဓိပ္ပါယ်ကတော့ တရက်ခြားစီပဲ မိမိရဲ့ကားကို အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။
ချွင်းချက်အနေနဲ့ကတော့ စစ်ကော်မရှင်ခေါင်းဆောင် အရမ်းထိုးဖောက်ချင်နေတဲ့ EV မော်တော်ယာဉ်/ EV မော်တော်ဆိုင်ကယ်များမပါဘဲ EV မော်တော်ယာဉ်/ EV မော်တော်ဆိုင်ကယ်တွေကတော့ နေ့စဉ် မောင်းနှင်နိုင် ကြောင်း သိရပါတယ်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်တွေ၊ အငှါးယာဉ်တွေ (Taxi)၊ စက်သုံးဆီ သယ်ယူပို့ဆောင်တဲ့ယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်/ နိဗ္ဗာန်ယာဉ်တွေနဲ့ စည်ပင်အမှိုက်သိမ်းယာဉ်တွေကတော့ နေ့စဉ် အသုံးပြုနိုင်ပါတယ်။
စည်းကမ်းသတ်မှတ်ချက်တွေဟာ ထပ်မံပြီးတစုံတရာ ထုတ်ပြန်မှု မရှိတဲ့အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
စက်သုံးဆီလုပ်ငန်းရှင်တွေသာမက အများပြည်သူအနေနဲ့ စက်သုံးဆီတွေ ဝယ်ယူ စုဆောင်းတာနဲ့ ဈေးနှုန်းမြှင့်တင် ရောင်းချတာတွေ လုံးဝမပြုလုပ်ဖို့လည်း ထည့်သွင်း ထုတ်ပြန်ထားပါတယ်။

4 comments
LuckyKingPH, ayos! Been playing there for a while now. Pretty decent selection and fairly smooth. I had some okay wins, so it’s good. Try it out if you feel like it. Find out more: luckykingph.
X9999Game is pretty decent. I like the variety and I haven’t really had any issues with the site to date. Been spinning and having a good time. Might be worth checking out. Their link is here: x9999game.
Been trying my luck at 777xgame. Pretty wide selection. Haven’t hit the jackpot yet, but having some fun. Maybe you will have more luck than I did. Check it out: 777xgame.
Планируя тур в Вену, стоит своевременно ознакомиться с популярными достопримечательностями Вены — от Карлсплац и дворца правосудия до особенных мест вроде дома моря и кафе Cafe Sacher Vienna. Если вы желаете узнать, сколько км от Праги до Вены или какое расстояние между Веной и Зальцбургом, то это полезно знать для организации маршрута. Для удобства можно воспользоваться вена аудиогидом или посмотреть карту достопримечательностей Вены, которая поможет вам выбрать интересные точки для визита.
Зимой Вена особенно красива благодаря рождественским ярмаркам 2024 и 2025 года, а для тех, кто ищет недорогие отели в Вене, есть много вариантов в центре и на окраинах. Также стоит учесть на электричку S7 расписание и варианты транспорта, включая трамвай Вена Баден, чтобы свободно передвигаться по городу. Кстати, памятник советским воинам, погибшим в 1945 году, находится именно в Вене — это интересный исторический факт steirereck вена .