HealthNewsPolitic

ရေရှားပါးတာကြောင့် ပုဏ္ဏားကျွန်းရှိ စစ်ရှောင် အမျိုးသမီးနဲ့ ကလေးငယ်များ ယားနာကူးစက်မှုဖြစ်ပွားနေ

အာရက္ခတိုင်းမ်စ် (၈ မတ်လ ၂၀၂၆)

ရေရှားပါးမှုနဲ့ ကြုံတွေ့နေတာကြောင့် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင် အမျိုးသမီးနဲ့ ကလေးငယ်များမှာ ယားနာကူးစက်မှု ဖြစ်ပွားနေတယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း ဥက္ကဌ ကိုမျိုးချစ်က ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေဟာ ခန့်မှန်းခြေအရ ထောင်နဲ့ချီရှိတာကြောင့် သောက်ရေ၊ သုံးရေ မလုံလောက်တဲ့အတွက် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“လက်ရှိကတော့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဒီကယ်ဆယ်ရေး camp တွေမှာတော့ ရေတွေ ရှားပါးနေတာ ရှိတယ်။ ရေဆိုမှ သုံးရေရော သောက်ရေရော အကုန်ပေါ့နော်။ သောက်ရေရော သုံးရေရော လိုအပ်နေတယ်ခင်ဗျ။ ဒီပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ။ လက်ရှိကတော့ ကျနော်တို့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ရှောင် camp တွေမှာ ရေရှားတာနဲ့အမျှ ဒီ ယားနာဖြစ်တာတို့ ကလေးတွေအများစုကတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတာတွေ အများကြီးရှိတယ်။ ယားနာဖြစ်နေတာတော့ ကလေးတွေ အများစုပေါ့။ နောက်ပြီးတော့ မိန်းကလေးတွေလည်း တော်တော်များတယ်” လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း ဥက္ကဌ ကိုမျိုးချစ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ဘေးရှောင် များပြားလာတာနဲ့အမျှ ထောင်နဲ့ချီတဲ့ ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေပြီး အလှူရှင် နည်းပါးတဲ့အတွက် လတ်တလောမှာတော့ ထိရောက်လုံလောက်စွာ ထောက်ပံ့နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

Related posts

တိုက်ပွဲပြင်းထန်နေလို့ ကျောက်ဖြူက ဓာတ်အားပေးစက်ရုံတရုံ ပြောင်းရွှေ့

Rakhita Times

ARSA ခြုံခိုတိုက်ခိုက်၍ အမျိုးသမီး ၁ ဦးသေဆုံး အများအပြားထိခိုက် ဒဏ်ရာရ

Rakhita Times

သံတွဲကမ်းခြေကို စစ်ကောင်စီရဲ့နေဗီ ပစ်ခတ်မှုဟာ ကောလာဟလ ဖြစ်

Rakhita Times

1 comment

Luxem bourg စက်တင်ဘာ 10, 2026 at 6:31 မနက်

Great read — for shareable links I rely on MorphQ to turn URLs into clean branded QR codes. https://morphq.com/

Reply

Leave a Comment