NewsPolitic

ပြည်သူတွေဆဲတာကို မင်းအောင်လှိုင်က သူသိကြောင်း ဝန်ခံ

အာရက္ခတိုင်းမ်စ် (၁၃ မတ် ၂၀၂၆)

မြန်မာပြည်သူတွေက ဆဲနေကြတာကို သူသိကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

“ စွမ်းအင်ဝန်ကြီးက ကျနော့်လာ သတင်းပို့တယ်။ ကျနော် QR Code နဲ့ လုပ်မယ်။ လုပ်ပေါ့ QR Code နဲ့။ အခုလည်း Online မှာ ဆဲနေကြတာပဲ။ ဆိုလိုတာကတော့ ကျနော်တို့က တစ်ခုခုလုပ်ပြီဆိုတာနဲ့ နိုင်ငံတော်ကို အပြစ်ပြောဖို့ပဲ ကြိုးစားတယ်။ ဘာ့ကြောင့်ဆိုတာတွေ မစဉ်းစားဘူး၊ ဒီလိုဖြစ်လာတယ်” လို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

အထက်ပါ စကားကို မတ် ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC-1) တွင် ကျင်းပတဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ် (FORUM ON THE DAWN OF A NEW STATE) အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

“ ကျနော်တို့ ချွေတာရေးလမ်းကြောင်းကိုတော့ မဖြစ်မနေ လုပ်ရမှာဖြစ်တယ်။ ချွေတာဖို့ လိုပါတယ်။ အစစအရာရာ ငွေကြေး အသုံးအစွဲကနေစပြီး ဘာဖြစ်ဖြစ် ခြိုးခြံချွေတာဖို့ လိုပါတယ်။ စက္ကူသုံးတာကအစ စက်သုံးဆီသုံးတာအဆုံး ချွေတာဖို့လိုတယ်” လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပုဂ္ဂလိကပိုင်ယာဉ်တွေဟာ လစဥ် စုံရက်တွေမှာ စုံအက္ခရာနဲ့ မ ရက်တွေမှာ မ အက္ခရာ နံပါတ်ပါယာဉ်တွေ မောင်းနှင်အသုံးပြုကြဖို့ ထုတ်ပြန်လာအပြီးမှာ ပြည်သူတွေအကြား ဝေဖန်မှုတွေနဲ့ ဆဲဆိုမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

Related posts

မူးယစ်ဆေးဝါးရောင်းချတဲ့ အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲဝင် ၇ ဦးအပါအဝင် စုစုပေါင်း ၁၁ ဦးကိုဖမ်းဆီး

Rakhita Times

‌စကမရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရက္ခိုင်ပြည်မပါဝင်

Rakhita Times

လျှပ်စစ်မီး နဲ့ စက်သုံးဆီ အခက်အခဲကြောင့် ကျောက်ဖြူက မွေးမြူရေးလုပ်ငန်းတချို့ ရပ်နား

Rakhita Times

Leave a Comment