NewsPolitic

ရက္ခိုင်ပြည် လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌ ရာထူးကို ကြံ့ဖွံ့ယူ

အာရက္ခတိုင်းမ်စ် (၂၀ မတ် ၂၀၂၆)

ရက္ခိုင်ပြည်လွှတ်တော် ပမထပုံမှန်အစည်းအဝေး ပထမနေ့ကို ဒီကနေ့မှာ စတင်ကျင်းပခဲ့ပြီး လွှတ်တော်ဥက္ကဌ နဲ့ ဒုဥက္ကဌရာထူးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ယူသွားတယ်လို့ သိရပါတယ်။

လွှတ်တော်ဥက္ကဌရာထူးကိုတော့ စစ်တွေမဲဆန္ဒနယ်အမှတ် (၂) က ဒေါက်တာစန်းရွှေက ယူသွားပြီး ဒုဥက္ကဌရာထူးကိုတော့ မြေပုံမဲဆန္ဒနယ်အမှတ် (၂) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထင်လင်းဦးက ယူသွားတယ်လို့ သိရပါတယ်။

တတိယအကြိမ် ရက္ခိုင်ပြည်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ် (၂၁) ယောက်နဲ့ တပ်မတော်သား ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် (၇) ယောက် စုစုပေါင်း (၂၈)ယောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Related posts

ARSA ခြုံခိုတိုက်ခိုက်၍ အမျိုးသမီး ၁ ဦးသေဆုံး အများအပြားထိခိုက် ဒဏ်ရာရ

Rakhita Times

ထိုင်းကို အမ်း၊ ဂွ၊ သံတွဲ နဲ့ ကျောက်ဖြူတို့မှ ရွှေ့ပြောင်းတွေ ပိုမိုဝင်ရောက်လာ

Rakhita Times

ရက္ခိုင်မှာ အိမ်/ခြံခွန် စတင်ကောက်ခံ၊ ဒေသခံတွေ အခက်တွေ့နေ

Rakhita Times

Leave a Comment