BusinessNewsPolitic

ဘင်္ဂလား ငါးခိုးဖမ်းသမားများ ရက္ခိုင်ရေပိုင်နက်ထဲထိ ဝင်ရောက် ဒါးမြတိုက်နေ

အာရက္ခတိုင်းမ်စ် (၂၂ မတ် ၂၀၂၆)

ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းသမားတွေဟာ ရက္ခိုင်ပြည် ရေပိုင်နက်ထဲ ငါခိုးဖမ်းတာ လုပ်နေတဲ့အပြင် ဒါးမြတိုက်တာတွေပါ လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

“ ဘင်္ဂလာကနေ အာလူးတွေ တင်လာတဲ့ ဘုတ်ကို မနေ့ညက ရက္ခိုင်ရေပိုင်နက်ထဲမှာ ဘင်္ဂလားက ငါးလာခိုးဖမ်းတဲ့အဖွဲ့က ဒါးမြတိုက်ပြီး ပစ္စည်းတွေ ယူဆောင်သွားတယ်” လို့ မောင်တောမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မတ်လ ၂၁ ရက် ည ၁၁ နာရီခန့်တွင် ကျောက်ပန္ဒူအနောက်တောင်ဖက် ရက္ခိုင်ပင်လယ်ကမ်းစပ်မှ မီတာ ၁၀၀၀ ကျော်အကွာတွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၅ ဦး ပါရှိတဲ့ ဘုတ် ၁ စီးကနေ တုတ်၊ ဓါးတွေ ကိုင်ဆောင်ပြီး ဒါးမြတိုက်သွားတာလို့ သိရပါတယ်။

“ ရက္ခိုင်ဘုတ်မှာက စုစုပေါင်း ဘုတ်သမား ၉ ယောက်ပါတယ်။ ဘုတ်သမားခေါင်းဆောင် ကိုမာစီကို ဒါးမြတွေက ဓါးနဲ့ ခုတ်သွားတယ်။ ပါတဲ့ ကုန်တွေအပြင် ဖုန်းတွေပါ ယူသွားတယ်” လို့ သူက ဆက်လက်ပြောပါတယ်။

ဒါးမြတိုက်ခံလိုက်ရတဲ့ ဘုတ်ဟာ ရက္ခိုင်ပြည် မောင်တောမြို့နယ် ကျောက်ပန္ဒူရွာနေ ဦးသက်ခိုင်မင်း ပိုင်ဆိုင်တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းသူတွေဟာ ဘုတ်မှာ တင်ဆောင်လာတဲ့ အာလူးအိတ် ၄၀၀ ကို လုယူသွားတယ်လို့ သိရပါတယ်။

Photo – APM

Related posts

သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံး

Rakhita Times

စစ်တွေ ရေတပ်စခန်းဌာနချုပ်နေရာ လက်နက်ကြီးကျ

Rakhita Times

မောင်တောမှာ မြေမြှုပ်မိုင်း နင်းမိလို့ လူငယ်တဦး ခြေတဖက်ပြတ်

Rakhita Times

Leave a Comment