NewsPolitic

မာန်အောင်ကိုလာတဲ့ လေယာဉ်ကို မဖြစ်မနေကြိုဆိုရန် မာန်အောင်ထွေအုပ် အမိန့်ထုတ်

အာရက္ခတိုင်းမ်စ် (၂၅ ဧပြီ ၂၀၂၆)

ဧပြီလ ၂၄ ရက်က စတင်ကာ ရန်ကုန်ကနေ မာန်အောင်နဲ့ ကျောက်ဖြူကို တပတ် ၃ ရက်နှုန်းနဲ့ လေယာဉ်ပြန်လည် ပြေးဆွဲနေပြီး ပထမဆုံးနေ့ဖြစ်တဲ့ ဧပြီလ ၂၄ ရက်တွင် မာန်အောင်မြို့ကိုလာတဲ့ လေယာဉ်ကို မဖြစ်မနေ လာရောက်ကြိုဆိုရန် မာန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးဌာနက အမိန့်ထုတ် ကြိုဆိုခိုင်းခဲ့တယ်လို့ သိရပါတယ်။

“မနေ့က မာန်အောင်ကို ပထမဆုံး လေယာဉ်ပြန်ဆင်းတာလေ။ အဲဒါကို အစိုးရဝန်ထမ်းတွေ သွားကြိုရမယ်။ မဖြစ်မနေပေါ့။ ထွေအုပ်က နှုတ်မိန့်နဲ့ခိုင်းလို့ ဝန်ထမ်းတွေ နေပူကြီးထဲမှာ ဌာနဆိုင်ရာ ဝတ်စုံနေဝတ်ပြီး သွားကြိုရတယ်” လို့ မာန်အောင်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လေယာဉ် ပြေးဆွဲမယ့်နေ့နဲ့ ခရီးစဉ်တွေကတော့ တနင်္လာနေ့တွင် ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန် ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ရန်ကုန်-ကျောက်ဖြူ-မာန်အောင်-ရန်ကုန် ဖြစ်ကာ သောကြာနေ့မှာတော့ ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန် ပြေးဆွဲမယ်လို့ သိရပါတယ်။

အခုလို ပြေးဆွဲတာဟာ အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က အမိန့်ပေးလို့ ပြေးဆွဲရတာ ဖြစ်တယ်လို့ မြန်မာအမျိုးသားလေကြောင်းက ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၄ ရက်က နေပြည်တော်တွင် ပြုလုပ်တဲ့ အစည်းအဝေးတွင် အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က ရက္ခိုင်ပြည်အတွင်းရှိ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့တွေကို လေကြောင်းလိုင်းများ မဖြစ်မနေ ပြေးဆွဲရန် အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်ရဲ့ ဝင်ပေါက် ထွက်ပေါက်တခုဖြစ်တဲ့ ကံကြီးမှာ အထိုင်စခန်းဖွင့်နေ

Rakhita Times

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့အားလုံးနဲ့ ပူးပေါင်းနေတယ်လို့ KIO ‌ပြော

Rakhita Times

၁၆ ကြိမ်မြောက် ခမီအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့

Rakhita Times

71 comments

Leave a Comment