BusinessNewsPolitic

ထိုင်းမှာ တစ်ရက် အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ ကို လာမယ့်​နှစ်မှာ တိုးပေးဖို့ ညှိနှိုင်း

ထိုင်းမှာ တစ်ရက် အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ ကို လာမယ့်​နှစ်မှာ တိုးပေးဖို့ ညှိနှိုင်း

အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)

ထိုင်းမှာ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေရဲ့  တစ်ရက်အနိမ့်ဆုံး လုပ်ခလစာ ဘတ် ၄၀၀ ကို လာမယ့် နှစ်မှာ တိုးမြှင့်ပေးဖို့အတွက် ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို လုပ်ခလစာကို ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးမှာဟာ အကုန်လုံး တစ်ခါတည်း လုပ်ဆောင်မှာ မဟုတ်ဘဲ ခရိုင်အလိုက်ပဲ တိုးပေးသွားမှာဖြစ်တယ်လို့ Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ခရိုင်အလိုက်ပဲ သူတို့ တိုးပေးသွားမှာပေါ့။ ဥပမာ အလုပ်သမားတစ်ယောက်ကို အနည်းဆုံး အခြေခံလုပ်အားခကို ၄၀၀ က စပေးရင် ကောင်းတော့ ကောင်းတာပေါ့။ ဒါပေမယ့် ထိုင်းမှာ automatic စီးပွါးရေးက ကျသွားနိုင်တယိ။ ဘာလို့ဆို လုပ်ငန်းရှင်တွေ အကုန် ခက်ခဲမှာပေါ့။ ဒါပေမယ့် တိုးတော့ တိုးမယ် ခရိုင်အလိုက် ၅ ဘတ်၊ ၁၀ ဘတ် အဲဒီလိုမျိုးပဲ။ တစ်ခါတည်း အခြေခံလုပ်အားခ ၄၀၀ ကနေ အနိမ့်ဆုံးထားမယ်ဆိုတာတော့ ဖြစ်မယ်မထင်ပါဘူး” လို့ သူက ပြောပါတယ်။

အစိုးရကိုယ်စားလှယ်၊ လုပ်ငန်းရှင် (အလုပ်ရှင်) ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ် စတဲ့ ကော်မတီဝင် ၁၅ ဦး ပါဝင်တဲ့ သုံးပွင့်ဆိုင် အစည်းအဝေးကို လာမယ့် ဒီဇင်ဘာလမှာ ကျင်းပ သွားမှာပါ။

အဲဒီအစည်းအဝေးကနေ ရရှိလာမယ့် သဘောတူညီချက်​တွေကို ၀န်ကြီးချုပ်ကို တင်ပြ​ပြီး အနိမ့်ဆုံး တစ်ရက် လုပ်အားခ ၄၀၀ ဘတ်ကို နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးနိုင်ဖို့ လုပ်ဆောင်မယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လုပ်ခလစာတိုးတဲ့အခါမှာ နည်းတာ များတာထက် တိုးပေးတာက ရွှေ့ပြောင်းလုပ်သားတွေအတွက် ကောင်းမွန်တယ်လို့ Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သူက “လုပ်သားတွေအတွက် ဥပဒေအရ ပြန်ကြည့်ရင် ၁ ဘတ်တိုးရင်လည်း ကောင်းတာပေါ့။ ၂ ဘတ်တိုးရင်လည်း ကောင်းတာပေါ့။ ဒါပေမယ့် ပြဿနာက လုပ်ငန်းရှင် အများစုက လက်မခံတဲ့အခါကြတော့ သူတို့ ဘယ်လိုပုံစံ လာမယ်တော့မသိဘူးပေါ့။ ကျနော်တို့ နားလည်တာကတော့ အခုလက်ရှိ အစိုးရသက်တမ်း ကာလ တစ်လျှောက်မှာ အနည်းဆုံး လုပ်အားခ ၄၀၀ ပေးနိုင်ဖို့ လုပ်သွားပေးမယ်ပေါ့။ ၄ နှစ်ဆိုလည်း ၄ နှစ်အတွင်း၊ ၅ နှစ်ဆိုလည်း ၅ နှစ်ပေါ့။ တစ်ခါတည်း မဲဆောက်မှာလည်း ၄၀၀ ရရမယ်။ ဘန်ကောက်မှာလည်း ၄၀၀ ရရမယ် ဆိုတဲ့ဟာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဘတ် ၄၀၀ ကို တိုးမြှင့်ပေးဖို့ စတင် လုပ်ဆောင်ချိန်က အလုပ်သမား ၂၀၀ နဲ့ အထက် ရှိတဲ့ စက်ရုံက ရွှေ့ပြောင်းလုပ်သားတွေ ပါဝင်ကြောင်း သိရပါတယ်။

အနိမ့်ဆုံး လုပ်ခလစာကို ဘတ် ၄၀၀ သို့ တိုးမြှင့်ပေးရေး နဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာဟာ ဝန်ကြီးချုပ်ဟောင်း ဆရီသာလက်ထက် ကတည်းကဖြစ်ပါတယ်။

Related posts

ကျောက်တော်ရဲ့ လူနေထူထပ်သော နေရာများကို စကစ ဗုံး ၁၅လုံးနဲ့ တိုက်ခိုက်

Rakhita Times

ကျောက်တော် ဗုံးကြဲခံရမှု ဖြစ်စဉ်

Rakhita Times

AA စခန်းတွေကို သိမ်းပိုက်ခံရခြင်းမရှိဘူးလို့ ဦးခိုင်သုခ ပြော

Rakhita Times

33 comments

Leave a Comment