NewsPolitic

ဆပ်သွားရွာမှာ လက်နက်ကြီးကျ၍ လင်မယားနှစ်ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် ဂွမြို့နယ် ဆပ်သွားရွာ သုသာန်ဘက်ရှိ တာဝါတိုင်းအနီးမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အရပ်သားလင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ညနေ ၆နာရီလောက်က ဆပ်သွားရွာ သုသာန်ဘက်က တာဝါတိုင်နားမှာ လက်နက်ကြီးကျည်ကျတာ အရပ်သားလင်မယားနှစ်ဦးကို ထိသွားတယ်။ အမျိုးသားကို ကျောမှာ ထိမှန်သွားတယ်၊ အမျိုးသမီးကြတော့ ခြေထောက်မှာ မှန်တာ” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်က စစ်ကောင်စီဟာ ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ကမ်းသာယာသို့ တပ်ဆုတ်သွားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကြောင့် ဆပ်သွားရွာမှ ကမ်းသာယာသို့ ဆုတ်ခွာသွားပြီး ကမ်းသာယာတွင် အထိုင်ချထားသော အမြောက်တပ်လည်း ဂွမြို့ဖက်သို့ ဆုတ်ခွာသွားကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွာသွားတဲ့ ဆပ်သွားရွာကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Related posts

အမ်းစစ်ဌာနချုပ်မှ ပစ်ခတ်သော ကျည်ထိမှန်သဖြင့် အရပ်သား ၄ ဦး သေဆုံး၊ ၁၀ ဦး နီးပါး ဒဏ်ရာရ

Rakhita Times

သံတွဲမြို့ကို စကမ ဗုံးကြဲ

Rakhita Times

နတ်ချောင်းရှိ စာသင်ကျောင်း အမိုးများ ပြုပြင်ရန် အကူညီလိုနေ

Rakhita Times

1 comment

Leave a Comment