ထမင်းတလုပ်၊ ရေတမှုတ်၊ ဂွမ်းထုတ်တစ်ခု အလိုရှိသည်
အိမ်ကနေ ထွက်လာခဲ့ကြတာ ကြာပြီ။ ၂၀၁၉ ကနေ အခုထိဆိုရင် ၆ နှစ်ရှိပြီ။ လာတုန်းက ဘာမှပါမလာ ကြသလို ဘယ်ဆီကိုမှန်းမသိတဲ့ ဦးတည်ချက်တွေနဲ့ အသက်လုပြေးခဲ့ကြရသူတွေ။ စစ်ဆိုတာ ရုပ်ရှင်တွေထဲက စစ်ကားတွေသာ ကြည့်ကောင်းတာလေ။ အပြင်မှာ ခံရတဲ့ဒုက္ခတွေဟာ ဘယ်ကြည့်ကောင်းပါမလဲ။ အကြောက်တရားနဲ့ ဆာလောင်မှုတွေ၊ စိုးရိမ်စိတ်နဲ့ ငတ်မွတ်မှုတွေဟာ...