Uncategorized

အာရက္ခတပ်တော်က ရက္ခိုင်နယ်စပ်အားလုံးကို ထိန်းချုပ်

အာရက္ခတိုင်းမ်စ် (၂၈ ဇန်နဝါရီ ၂၀၂၅)

စစ်ကောင်စီရဲ့ စခန်းတွေဖြစ်တဲ့ ရက္ခိုင်ရိုးမတောင်းတန်းက မိုးထိတောင်၊ ဧရာဝတီတိုင်းက ပွိုင့် ၂၆၃ နဲ့ ပွိုင့် ၃၆၉ စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို ၅ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၆ ရက် နံနက် ၁၁ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အလောင်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီ-ရက္ခိုင်နယ်စပ်ရှိ ပွိင့် ၂၆၃ စခန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပွိုင့် ၃၆၉ စခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် က ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်းမထက်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီရဲ့ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉)၊ (၁၄) တပ်ရင်း ပူးပေါင်းစစ်ကြောင်းနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ရိုးမရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို အာရက္ခတပ်တော် က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေပြီး စစ်ကောင်စီဖက်ကလည်း အာရက္ခတပ်တော်ကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေတယ်လို့ သိရပါတယ်။

Related posts

အာရက္ခတိုင်းမ်စ် သတင်းမှတ်စု (၇)

Rakhita Times

AA အနေနဲ့ စစ်ကောင်စီကို များများဖိပြီး တိုက်ထားရမယ်

Rakhita Times

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ ၇ ဦးသေဆုံး ကားမီးလောင်

Rakhita Times

Leave a Comment