NewsPolitic

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၉ စက်တင်ဘာ ၂၀၂၆)

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက်အလှူကို HDCO ကတဆင့် မြောက်ဦးခရိုင်အတွင်းရှိ စစ်ရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ အရေးတကြီး လိုအပ်တဲ့ နေရာတွေကို အသုံးပြုနိုင်ရန် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ပြည်ပရောက်ညီနောင်ပရဟိတအသင်း ၁၅ သင်းရဲ့ လူသားအချင်းချင်း စာနာထားရှိတဲ့ မေတ္တာတရားကို ဂုဏ်ပြု မှတ်တမ်းတင်းအပ်ပါတယ်” လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဒုတိယဥက္ကဌ (၃) ဦးထွန်းမင်းနိုင်က ဆိုပါတယ်။

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများကို ၂၀၂၆ ခုနှစ်၊ မတ်လမှာ အသင်း ၉ သင်းနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာတော့ အသင်း ၁၅ သင်းထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လှူဒါန်းမှုကို ပြည်ပရောက်ညီနောင်ပရဟိတအသင်းဝင်များဖြစ်တဲ့ လေးဝတီမျိုးသျှစ်လူငယ်ပရဟိတအသင်း၊ စည်းလုံးသောအလင်းရောင်ကြည်ပွင့်များပရဟိတအသင်း၊ ARAKAN လူငယ်ပရဟိတအသင်း၊ အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၊ စည်းလုံးခြင်းနန့်ချီတက်ကတ်မေပရဟိတအသင်း၊ အဖြူရောင်သံယောစဉ်မောင်နှမများပရဟိတအသင်း၊ ရက္ခိတဒါနလူငယ်ပရဟိတအသင်း၊ စည်းလုံးမှုအင်အားရခိုင်လူငယ်များပရဟိတအသင်း၊ ARAKAN STAR CHARITY၊ နိုင်ငံတကာရောက်ခမီအမျိုးသားအသင်း၊ မျိုးမြတ်ရခိုင်လူငယ်ပရဟိတအသင်း၊ မျိုးကိုချစ်ကေသွီးမရောကေ့ပရဟိတအသင်း၊ ရက္ခိတပုံရိပ် ညီအကိုမောင်နှမ ပရဟိတအသင်း၊ အမျိုးကိုသျှစ် သွီးကိုစစ် ပြည်ပရောက်လူငယ်ပရဟိတအသင်းနဲ့ လေးဝတီနာရေးကီူမှုအသင်းတို့က စုပေါင်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

Related posts

စကမရဲ့ လေကြောင်း ရေကြောင်းကနေ လက်နက်ကြီး ပတ်ခတ်တာနဲ့ ပတ်သက်ပြီး AA အရေးပေါ်ထုတ်ပြန်

Rakhita Times

စစ်တွေကနေ စစ်ကောင်စီ လက်နက်ကြီးပစ်လို့ ပုဏ္ဏားကျွန်းဒေသခံ ၁ ဦး ဒဏ်ရာပြင်းထန်ရ

Rakhita Times

မြောက်ဦးဆေးရုံဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူ ၇၇ ဦးအနက် ၁၆ ဦး ပြင်းထန် စိုးရိမ်ရကြောင်း AA ထုတ်ပြန်

Rakhita Times

Leave a Comment