NewsPolitic

စစ်ကောင်စီက အပေါ်စီးကနေ ဆွေးနွေးနိုင်တယ်လို့ TNLA ဒု စစ်ဦးစီးချုပ်ပြော

အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၅)

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဒီနေ့မှာ စစ်ကောင်စီ နဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲတွင် စစ်ကောင်စီက အပေါ်စီးကနေပြီး ဆွေးနွေးနိုင်တယ်လို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဒုတိယစစ်ဦးစီချုပ် တာဘုန်းကျော်က ပြောပါတယ်။

“MNDAAနဲ့ သဘောတူညီချက်ရပြီးပြီဆိုတော့ နစကဟာ အပေါ်စီးကနေ ဆွေးနွေးမဲ့ သဘောဆောင်ပါတယ်။ အောက်ခြေမှာလည်း တောင်ခမ်း၊ နောင်ချို၊ သပိတ်ကျင်းဖက် ထိုးစစ်တွေ ပိုတိုးလာတယ်။ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် ကောင်းကင်ယံမှာ SU-30၊ ဂျက်ဖိုက်တာ၊ Y-8/ Y-12 တောက်လျှောက် ပျံသန်းပြီး အသီးတွေ ချချင်သလို ဖောဖောသီသီ ချနေတယ်။ တရုတ် စီစဉ်တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ မြန်မာပြည်တွင်းစစ်ပါ။ အရင်းနှီးကတော့ နေ့စဉ်နှင့်အမျှ ကြီးနေဆဲ” လို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဒုတိယစစ်ဦးစီချုပ် တာဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပါတယ်။

အခု တွေ့ဆုံဆွေးနွေးမှုမှာ TNLA ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေး ဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ယောက်နဲ့ စစ်ကောင်စီဘက်က MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကစတ(၁)မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ဆွေးနွေးမယ်လို့လည်း သိရပါတယ်။

Related posts

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ဖမ်းဆီးမှုအပေါ် တရုတ်နှင့် အိန္ဒိယတို့၏ သဘောထားများ ကွဲပြား

Rakhita Times

ဗျူဟာ-၂၉ ခွဲမှူး ကျဆုံးခဲ့ခြင်းအတွက် MPCC ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

သံတွဲနဲ့ တောင်ကုတ်တွင်လည်း နီပါးရ် အသိပညာပေးတွေ လုပ်ဆောင်နေ

Rakhita Times

Leave a Comment