NewsPolitic

ဂွမြို့နယ် ဆပ်သွားရွာကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းသားပါ နှစ်ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာကို ဒီကနေ့ စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားတစ်ဦး အပါအဝင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ဒဏ်ရာ ရရှိသွားသူတွေကတော့ ဆပ်သွားရွာမှာ နေထိုင်ကြတဲ့ အသက် ၁၄ နှစ်အရွယ် ၈ တန်း ကျောင်းသား နဲ့ အသက် ၄၄ နှစ်အရွယ် ဦးနေလင်းအောင်တို့ ဖြစ်ကြပါတယ်။

ဒီကနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ လောက်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ဆပ်သွားရွာထဲကို ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒဏ်ရာရရှိသူတွေကို ဆေးကုသမှု ပေးနေရပါတယ်။

ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ် ၁ ဆောင်နဲ့ ဆိုင်ခန်း ၃ ခန်း ပျက်စီးခဲ့ရသလို ဒေသခံတွေရဲ့ ဆိတ် ၂ ကောင်လည်း သေဆုံးခဲ့ပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သား ပြည်သူတွေနေထိုင်ရာနေရာတွေကို လေကြောင်းကနေ နေ့စဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရမှုနဲ့ အဆောက်အအုံ ပျက်စီးမှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။

Related posts

မြောက်ဦးဆေးရုံ ပြန်တည်ဆောက်ရေးအတွက် ရသေ့တောင်က သံဃာတော်များ ၄၄၅ သိန်း လှူဒါန်း

Rakhita Times

ကန့်ဘလူက စကမ စခန်း ၄ ခုကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်

Rakhita Times

AA က ရေကြည်က ရွေးတုအစိုးရတပ် ကာကင်းများ သိမ်းပိုက်အပြီး အသုတ်တွင် ခံစစ်ပြင်ဆင်နေ

Rakhita Times

Leave a Comment