NewsPolitic

ခုခံစစ်ကလွဲပြီး ၁လ ထိုးစစ် ရပ်နားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁ ဧပြီ ၂၀၂၅)

ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေနဲ့ စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲနေရာများတွင် ခုခံကာကွယ်စစ်ကလွဲပြီး စတင်ထိုးစစ်ဆင်မှုကို တလတာ ရပ်နားလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်တဲ့ အချိန်ကနေ စတင်ပြီးတော့ မိမိတို့ ညီနောင်မဟာမိတ်များနဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာများမှာ မိမိကိုယ် မိမိ ခုခံကာကွယ်တဲ့ တုန့်ပြန်မှုကလွဲပြီးတော့ မိမိတို့ဘက်က စတင် ထိုးစစ်ဆင် တိုက်ခိုက်မှု တစ်လတာ တစ်ဖက်သတ် အပစ်ရပ်စဲပါတယ်” လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေနဲ့ စစ်ကောင်စီကို ဧပြီလ ၁ ရက် ကနေ ၃၀ ရက် အထိ တစ်လကြာ ထိုးစစ်ဆင် ဆင်နွှဲနေတာကို ရပ်နားလိုက်တာပဲ ဖြစ်ပါတယ်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မတ်လ ၂၉ ရက်က ငလျင်ဒဏ်သင့် ဒေသများနဲ့ ဆက်စပ်နေတဲ့ ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲပြီး ထိုးစစ်အားလုံးကို နှစ်ပတ်ကြာ (မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိ) ရပ်ဆိုင်းထားဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင် ၇.၇ စကေးရှိ ငလျင်ဒဏ်ကြောင့် ဒီနေ့အထိ လူ ၃၀၀၀ ခန့် သေဆုံးခဲ့ရပြီး နေအိမ်အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများစွား ဆုံးရှုံး ပျက်စီးခဲ့ရပါတယ်။

ဒီလို အခြေအနေကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိုးစစ်တွေကို ရပ်နားထားပေမယ့် စစ်ကောင်စီက အရပ်သားပြည်သူများကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက်လုပ်ဆောင်နေလို့ ပြည်သူအများအပြား သေဆုံး၊ ဒစ်ဏာရရှိနေပါတယ်။

Related posts

ပဲခူးတိုင်းက AA သိမ်းဆည်းရတဲ့ လက်နက်ခဲယမ်းများအာရက္ခတိုင်းမ်စ် (၂၇ ဇန်နဝါရီ ၂၀၂၅)အာရက္ခတပ်တော် က ပဲခူးတိုင်းအတွင်း သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တေွကို ဗိုလ်ချုပ်ထွန်းမြတ်နို်င်က သူရဲ့ twitter တွင် ဖော်ပြထားပါတယ်။

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၂၀)

Rakhita Times

ဆပ်သွားတံတားကို စစ်ကောင်စီမိုင်းခွဲ၊ ကမ်းသာယာကို တပ်ဆုတ်

Rakhita Times

1 comment

Caiu_rdOr မတ် 5, 2026 at 3:11 ညနေ

Instagram caiu Instagram caiu .

Reply

Leave a Comment