“အန္တရာယ် ဓားသွားပေါ် ပါးနပ်စွာ လျှောက်လှမ်းရသည့် ယူဂျီတပ်သား”
ဌေးဝင်း
****
မဆလ စစ်တပ်က ဖြတ်လေးဖြတ်နဲ့ ငါတို့ကို ထိုးစစ်ဆင်ပြီးနောက် ငါဟာ စစ်တွေမှာဘဲ မြေအာက်လုပ်ငန်းတွေမှာ ပါဝင် လှုပ်ရှားနေခဲ့တယ်။ ငါဟာ အစ်ကို ဗိုလ်ကြီးမောင်ထွန်းအောင် ဦးဆောင်ပြီး ပေးအပ်တဲ့ တာဝန်ကို ဆက်လက် ဆောင်ရွက်နေခဲ့တယ်။ ဒီလို လှုပ်ရှားနေစဉ်တုန်းက ကိုသန်းထွန်းနဲ့ တွဲပြီး လုပ်တာ ရှိသလို ကိုစောထွန်းနဲ့ တွဲလုပ်ရတာလည်း ရှိတယ်။ ကိုစောထွန်း (ဦးစောမောင် (ခ) အကြီး လို့လည်း ခေါ်ကြတယ် ) ဆိုတာက အန်ဒမန်ကျွန်းမှာ ဗိုလ်ချုပ်ခိုင်ရာဇာနဲ့ အတူ လုပ်ကြံသတ်ဖြတ် ခံရသူ ဗိုလ်မှူးကြီး စောထွန်း) ကို ပြောတာ။
မြေအောက်လုပ်ငန်းတွေ လုပ်ရင်းနဲ့ တော်လှန်ရေးသမား ပြောက်ကျား သူပုန် တယောက်ဟာ ဘယ်လောက်တောင် ကြီးမားတဲ့ အန္တရာယ်တွေ ပတ်လည်ဝိုင်းနေတဲ့ အလုပ်ဆိုတာကို နားလည် သဘောပေါက်လာတယ်။ အန္တရာယ် အနံ့ကို ခံတတ်လာတယ်။ စိုးရိမ်စရာတွေကို ခံစားမိလာတယ်။
ရဲစခန်းရှေ့ သို့မဟုတ် စစ်တပ်ရှေ့ ဖြတ်သွားရင် ဖြစ်စေ။ ဒါမှမဟုတ် မသင်္ကာစရာ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးလို့ ယူဆရသူတွေကို မြင်မိရင် ပြီးတော့ ယူနီဖေါင်းဝတ်တွေကို တွေ့မိရင် ဒါကို သတိနဲ့ ရှောင်တိမ်းရမယ် ဆိုတဲ့ စိုရိမ်စိတ်တွေ ဖြစ်လာတယ်။
ငါဟာ အစ်ကို ဗိုလ်ကြီး မောင်ထွန်းအောင်နဲ့ တခါတလေ ညမှောင်တာနဲ့ စက်ဘီးစီးပြီး စစ်တွေမြို့ကို လျှောက်ပတ် လည်ကြတာမျိုး ရှိတယ်။ တညပေါ့။ ည ၉ နာရီလောက် ရှိမယ်။ သူနဲ့ငါ ဆင်ကူးလမ်း အုန်းတပင် ဘုတ်ဆိပ် သင်္ဘောဆိပ်ဘက်ကို စက်ဘီးတစီးနဲ့ သွားလာနေကြစဉ် လူငယ်တွေ ဂစ်တာဝိုင်းနဲ့အတူ ဆေးခြောက်တွေရှူနေကြတာ နေရာ တော်တော်များများမှာ တွေ့ရတော့ သူက
“ဒါတွေကို နှိမ်နှင်းရမယ်။ ပြတ်ပြတ်သားသား ကိုင်တွယ်ရမယ်။ ငါတို့ လူငယ်တွေကို ဒီလူငယ်မျိုးဆက်တွေကို စိတ်ကြိုက် ဖျက်ဆီးခွင့် ရနေတယ်”
ဆိုပြီး ငါ့ကို ပြောတယ်။ သူဟာ တော်လှန်ရေးသမားမို့ တိုင်းပြည်ရဲ့ အဖိုးတန် လူသားအရင်းအမြစ်တွေ မူးယစ်နွံမှာ နစ်မွန်း ဖျက်ဆီးခံထားရတာကို အလွန်ခံပြင်းတယ်။ ပြီးတော့ သူက ငါ့ကို မေးလာတာက
“ကျော်ဟန်.. မင်း စာမေးပွဲ ဘယ်တော့ ပြီးမလဲ”
“နောက် အပတ် ဖြေရမယ် အကို။ တပတ်လိုသေးတယ်”
“မင်းကို ငါ တခုပြောမယ်။ မင်း ငါနဲ့ ကချင်ကို လိုက်ရမယ်”
အဲဒီတုန်းက ငါဟာ ကိုးတန်းစာမေးပွဲ ဖြေဖို့ လုပ်နေတုန်း။ ဗိုလ်ကြီး မောင်ထွန်းအောင်နဲ့ ကချင်ကို အတူ သွားရမယ်ဆိုတော့ အရမ်း စိတ်လှုပ်ရှားသွားတယ်။
ဗိုလ်ကြီး မောင်ထွန်းအောင်က ပြောပြထားလို့ သိထားရတာက သူက AIO/AIA အဖွဲ့အစည်းမှာ နံပါတ် (၅) အဆင့်မှာ ရှိတယ်။ ကချင်မှာက တတ်ထရွတ် ယူနီဖောင်းဝတ်ကြတယ်။ စစ်သားတိုင်းမှာ ယူနီဖေါင်း ၃ စုံနဲ့ လက်နက်ခဲယမ်း အပြည့်အစုံ ရှိကြတယ်။ သင်တန်းတက်ကြရာမှာလည်း တက်တက်ကြွကြွနဲ့ ပျော်စရာ အားရစရာကောင်းတယ်။ မိသားစုတစုက အနည်းဆုံး တစ်ယောက်ကျစီ တပ်ထဲ ဝင်ရတယ် စတာတွေကို သိထားကတည်းကကို ကချင်ကို သွားချင်နေတာနဲ့ အခုက မင်း ကချင်ကို ငါနဲ့ အတူသွားရမယ်လို့ ကြားလိုက်ရတော့ ဘယ်လို ဝမ်းသာသွားမှန်းတောင် မပြောတတ်ဘူး။
ငါ့ကို ဟိုမှာ စစ်ပညာ သင်တန်း တက်ခိုင်းဖို့ ခေါ်သွားမယ်လို့ အရင်တုန်းကလည်း အခါခါ ပြောထားတာ ရှိဖူးတယ်လေ။၏
ကချင်က စစ်ပညာသင်လာပြီးနောက် စစ်ဝတ်စုံပြည့် လက်နက် အပြည့်အစုံနဲ့ ခန့်ငြားထည်ဝါတဲ့ AIA တပ်သားတယောက်ရဲ့ ပုံသဏ္ဍာန်ကို ကိုယ့်ဖာသာ မှန်းဆကြည့်ရင်း ငါဟာ သိပ်ကို ရွှင်မြူးနေမိတယ်။ ပြည်သူလူထုက ချစ်ခင် အားကိုး အားကျကြတာတွေကို ကိုသန်းထွန်းလည်း ပြောပြထားကတည်းကနေ သွားချင်နေတာ။ အခု ငါ ကချင်ကို လိုက်သွားရမယ် ဆိုတဲ့ အသိက ငါ့ကို ပိုမို တက်ကြွလာစေတယ်။ အခုချက်ချင်းဘဲ စာမေးပွဲကို ဖြေပြီးစေချင်စိတ် ပေါက်လာတယ်။
ဒါပေမဲ့ ငါ့စိတ်ကူးယဉ်က အကောင်အထည် မပေါ်ခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ ငါ စာမေးပွဲဖြေနေတုန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြစ်နားရွာမှာနေတဲ့ ငါ့ဦးလေးတော်စပ်တဲ့ (အောင်ဆန်း) ဆိုသူ ရောက်လာတယ်။ သူလည်း AIO နဲ့ ပတ်သက်သူ တဦးဖြစ်တယ်။ ကချင်ခရီးစဉ်အတွက် တာဝန်နဲ့ လာတာဖြစ်တယ်။ သူ ရောက်လာတော့ ငါ့အစ်ကိုက ငါ့စာမေးပွဲပြီးအောင် မစောင့်တော့ဘူး။ နောက်မှ မင်းဆီကို ငါ ကြေးနန်းပို့မယ်။ ကြေးနန်းကို စောင့်နေ။ မင်း ရန်ကုန်ကို လိုက်လာရမယ်လို့ ပြောပြီး သူတို ခရီးထွက်သွားကြတယ်။
ငါက သူ့ဆီက ကြေးနန်းကို မျှော်နေပေမဲ့ ကြေးနန်းက ရောက်မလာဘဲ တလကျော်လောက်အကြာမှာ ဗိုလ်ကြီး မောင်ထွန်းအောင်နဲ့ ဦးလေးအောင်ဆန်းတို နှစ်ယောက် ည (၈:၃၀) လောက်မှာ အိမ်ကို ရောက်လာကြပြီး ငါ့ကို အိမ်အောက်ကို ခေါ်တယ်။ ပြီးတော့ ငါ့ကို ပြောပြတယ်။
“ငါတို့ တောင်ကုတ်ကနေ အောင်သီဟ သင်္ဘောနဲ့ လာတာလို့။ အခုဘဲ ရောက်တယ်။ ငါက အခု သံကျောင်းမှာ တည်းခိုတယ်။ မင်း သင်္ဘောဆိပ်ကို သွား။ အောင်သီဟသင်္ဘောစာရေးအခန်းမှာ ဒီနာမည်နဲ့ လူကိုရှာ၊ သူက ကိုးနာရီကနေ ဆယ်နာရီထိ အဲဒီအခန်း အနီးအနားမှာ ရှိနေမယ်။ သူ့ကိုတွေ့ရင် မင်း ဒီငွေစက္ကူ အပိုင်းပြတ်ကို သူ့ကို ပေးလိုက်။ သူက မင်းကို လက်ဆွဲအိတ်နှစ်ခုကို ပြန်ပေးလိမ့်မယ်။ ယူပြီးရင် ဘယ်နေရာကို သွားပိုထားလိုက်”
တဲ့။
ဒါကြောင့် ငါဟာ ချက်ချင်းပဲ အိမ်နားလမ်းထိပ်က ဆိုက်ကားတစီးနဲ့ သင်္ဘောဆိပ်ကို ထွက်လာပြီး သင်္ဘောဆိပ်မှာ ကိုယ့်လိုဘဲ မြေအောက်လှုပ်ရှားကို တွေ့အောင် လိုက်ရှာရတယ်။ နံမည်ကို တိုးတိုးလေးဘဲ ပြောရုံရှိသေးတယ်။ သူက ခေါင်းညိတ်ပြတယ်။ သူ့ကိုတွေ့တော့ ငါတို့ချင်းသာ နားလည်နိုင်တဲ့ သင်္ကေတဖြစ်တဲ့ ငွေစက္ကူအပိုင်းကို ပေးလိုက်တယ်။ သင်္ကေတကတော့ တကျပ်တန် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူကို အလည်ကနေ ခပ်စောင်းစောင်းဆွဲဆုတ်ပြီး နှစ်ပိုင်းပိုင်းထားတာ။ ငါ့ဆီက အပိုင်းနဲ့ သူ့ဆီက အပိုင်းမှာ ပါတဲ့ နံပတ်ကို သူ စစ်ဆေးပြီးမှ မှန်ကန်လို ငါ့ကို ပစ္စည်းထုတ်ပေးလိုက်တယ်။ ငါလည်း အပြန်မှာ နောက်ထပ် ဆိုက်ကားတစီးနဲ့ သတ်မှတ်နေရာ ဘုန်းကြီးကျောင်းကို သွားပို့ပေးထားလိုက်တယ်။
“လရောင်ဝင်းဆရာတော်နှင့်ပထမတွေ့ဆုံခြင်း”
*****
စစ်တွေမှာ ငါတို့ တော်လှန်ရေးသမားတွအတွက် အားကိုးအားထားပြုပြီး ခြေကုပ်လှုပ်ရှားတဲ့ နေရာမှာ ဘုန်းကြီးကျောင်းများနဲ့ ရဟန်းသံဃာတွေဟာ အဓိကနေရာက ရှိနေခဲ့ကြတယ်။ အားလုံး သိကြတဲ့အတိုင်း ရက္ခိုင် ရဟန်း သံဃာတွေဟာ မျိုးချစ်စိတ် ပြင်းထန်တယ်။ အမျိုးသားရေးဘက်မှာ အမြဲတမ်း ရှေ့တန်းက မားမားမတ်မတ် ရပ်တည် လှုပ်ရှားခဲ့ကြတယ် မဟုတ်လား။ သူတိုဟာ ဘာသာရေး စာပေတွေကို တတ်မြောက်ကြသလို နိုင်ငံရေးဘက်မှာလည်း သာမန် အရပ်သူ အရပ်သားတွေထက် မျက်စိ ပိုပွင့်ပြီး ဗဟုသုတ ပိုကြွယ်ဝကြတယ်လေ။
ခေတ်အဆက်ဆက် ရက္ခိုင်ပြည် တော်လှန်ရေး လှုပ်ရှားမှု သမိုင်းမှာ ရဟန်းသံဃာတွေဟာ ရှေ့တန်းက ပါဝင်သူတွေ ဖြစ်ကြတယ်။ သူ့တိုဟာ ရန်ကုန် မန္တလေး ပဲခူး ပခုက္ကူ စတဲ့ မြန်မာပြည်မက မြိုကြီးတွေမှာ စာသင်တိုက်ကြီးတွေ ပါဠိတက္ကသိုလ်ကြီးတွေမှာ သွားရောက် သင်ကြားဖူးကြတော့ ပိုပြီး မျက်စိကြီး နားကြီးကြတယ်လေ။ နောက်တခုက ဘုန်းတော်ကြီးတွေဟာ ရပ်ရွာတွေမှာ အလွန် ဩဇာကြီးကြတယ် မဟုတ်လား။ နိုင်ငံရေး တော်လှန်ရေး ဆိုတာကလည်း ဩဇာ တိက္ကမ ကြီးမားသူက ဦးဆောင် လှုပ်ရှားမှဘဲ ခရီးရောက်နိုင်တယ် မဟုတ်လား။
ဒါကြောင့် တနေ့မှာ ကိုသန်းထွန်းနဲ့ ငါ အုန်းတပင်ရပ်ကွက်မှာ ရှိတဲ့ လရောင်ဝင်းကျောင်းကို သွားကြတယ်။ ကျောင်းကိုရောက်တော့ ကိုသန်းထွန်းနဲ့ တွဲလုပ်နေပြီး သူနဲလည်း ခင်တဲ့ ကိုယ်တော် ဦးပညာ နဲ့ သွားတွေ့ကြတယ်။ ကိုသန်းထွန်းက ဆရာတော်ကြီးနဲ့ တွေ့လိုရမလား ပြောတော့ ငါကြည့်လိုက်မယ်ဆိုပြီး ဆရာတော်ကြီး ကျောင်းဆောင်ကို တက်သွားလိုက်တယ်။ သူက တွေလို့ရကြောင်း ပြောပြီး ဆရာတော်ကြီးနဲ့ တွေ့ကြတယ်။
ဆရာတော်ဟာ ငါတို့ ဘာဆိုတာ သိလို သွားလာတဲ့အခါ သတိ အမြဲရှိဖို့ သွန်သင် ဆုံးမတယ်။ အစိုးရဘက်က လူတွေဟာ တောထဲက အခြေအနေတွေနဲ့ မြိုပေါ်က အခြေအနေကို အမြဲတမ်း မျက်စိဒေါက်ထောက် ထောက်လှမ်းစောင့်ကြည့်မှူတွေ ရှိနေတယ်။ မင်းတို့ သိတဲ့အတိုင်းဘဲ ငါနဲ့ ငါ့ကျောင်းကို သူတို့ မျက်ခြေမပြတ် စောင့်ကြည့်နေနိုင်တယ်ဆိုတာကို ပြောပြတယ်။ ကျောင်းကို အဝင်အထွက်လုပ်ရင် အစစအရာရာ သတိထားဘို့နဲ့ ကျောင်းကိုလာရင် လှူဖွယ်တခုခု ယူလာပါ။ ဒါမှ ပတ်ဝန်းကျင်ကလည်း သံသယ ရှင်းမယ်။
အကြောင်းကိစ္စ ပြဿနာ တခုခု ဖြစ်ပေါ်လာရင်လည်း ဆရာတော်အနေနဲ့ လှုဖွယ်ပစ္စည်း အလှူလာပေးလို့ ဘာသာရေးအရ လက်ခံမတွေ့ဆုံလို့ မရဖြစ်လို့ တွေ့ရတာလို့ ဖြေရှင်းစရာ အကြောင်းပြချက် ရကြောင်းတွေကို ငါတို့ကို ပြောပြတယ်။ ဒီလို ပြောဆိုတာဟာ လှူဖွယ်ပစ္စည်းကို လိုချင်လို့ပြောခြင်း မဟုတ်ကြောင်း ပြောပြီး စားစရာတွေကို ချကျွေးတယ်။ နောက်ပိုင်း ငါတို့သွားတိုင်း ရှိတာကို အလျှံပယ်ဘဲ ကျွေးမွေးလေ့ရှိတယ်။
အဲဒီလို ယူဂျီဘဝမှာ ကျင်လည်ရင်း ငါဟာ စစ်တွေမြိုက ဦးရဲကျော်သူကျောင်း လရောင်ဝင်းကျောင်း နပျိုးတောကျောင်း ပုသိမ်ကျောင်း စတဲ့ ကျောင်း တော်တော်များများက ရဟန်းသံဃာတွေနဲ့ ဝင်ထွက် သွားလာ ချိတ်ဆက်ကာ ဆက်သွယ် လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့တယ်။
ဒီလို လှုပ်ရှားရင်း သည်းထိတ်ရင်ဖို ဖြစ်ရတဲ့ အဖြစ်အပျက် တခုကို ကြုံရဖူးတယ်။ အဖြစ်က ဒီလို။ တရက်နေ့မှာပေါ့။ ငါတိုကို အားပေးထောက်ခံတဲ့ ကိုယ်တော်ကြီးတပါးရဲ့ အခန်းထဲမှာ ငါနဲ့ ကိုသန်းထွန်းနဲ့ ပစ္စတို နှစ်လက်ကို တယောက်တလက် တစစီဖြုတ်ပြီး တိုက်ချွတ်နေကြတုန်းမှာ ကျောင်းဝင်းတခုလုံး ဆူညံသွားအောင် ခွေးတွေ ရုတ်တရက် ထိုးဟောင်လိုက်ကြတာကို ကြားလိုက်ရလို့လေ။ ဒါနဲ့ ငါတို့လည်း သွားပြီ စစ်တပ်က လာဝိုင်းပြီဆိုပြီး ရုတ်တရက် မင်သက် လန့်ဖြတ်သွားပြီး တစစီဖြစ်နေတဲ့ သေနတ်တွေကို လက်လှမ်းမီရာ သင်္ကန်းတွေကို ဆွဲယူပြီး ဖုံးအုပ်ကာ ကုတင်အောက်ကို ထိုးထည့်ထားလိုက်ပြီး ဟိုချောင်း ဒီချောင်း ချောင်းကြည့်နေစဉ် ခွေးဟောင်သံတိတ်သွားတော့မှ ကိုယ်တော်ကြီးရဲ့ အခန်းထဲက ထွက်လာပြီး အခြေအနေကို လှမ်းကြည့်လိုက်တော့ ဂျစ်ကားတစီး ကျောင်းရှေ့ ထိုးရပ်ထားတာ တွေ့ရတယ်။ ဒီကားက ကျောင်းထဲကို အရှိန်ပြင်းပြင်းနဲ့ ဝင်လာတဲ့အတွက် ခွေးတွေက သူတို တာဝန်အတိုင်း ကျယ်လောင်စွာ ထိုးဟောင်လိုက်ကြတာလေ။
ကိုယ်တော်ကြီးဟာ ငါတို့ ထိတ်ထိတ်ပြာပြာ ဖြစ်နေတာကိုမြင်တော့ အနားကို လာရပ်ပြီး
“ဘာမှ မစိုးရိမ်ပါနဲ့ ဒကာတို့။ ဒီကားက ကျောင်းကို အလှူဆန်အိတ် လာပိုတဲ့ ကားပါ”
လို့ ပြောမှ ငါတို့လည်း စိတ်အေးသွားရတော့တယ်။ နောက်ပိုင်း သေနတ် တိုက်ချွတ်ရင် တလက်ကို အရင် တိုက်ပြီးမှ နောက်တလက်ကို တိုက်ချွတ်လုပ်ရမယ်ဆိုတဲ့ အသိ သတိ ရသွားကြတယ်။
တဆက်တည်းမှာဘဲ “ရမ်းချောင်းတောထဲက ထွက်လာတုန်းကလည်း တောမှာသာရှိတဲ့ ရစ်ကြက်ကလေးကို မြို့ကို ယူလာတာကလည်း မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်။ နောက်ထပ်တခုက မြို့ပေါ်က ပံ့ပိုးကူညီသူ လူကြီးတဦးကလည်း ငါ့ကို လမ်းမှာတွေ့ရင် နှုတ်မဆက်နဲ့ မသိကြတဲ့ သူတွေလိုနေ။ ဘုန်းကြီးကျောင်းကို လာရင် ငှက်ပျောသီးတဖီးဘဲ ဖြစ်ဖြစ် မုန့်တထုပ်ပဲ ဖြစ်ဖြစ် လှူဖွယ်တခုနဲ့ လာ။ အလှူလိုချင်လို မဟုတ်ဘူး” စတဲ့ သတိထားစရာတွေ ဆင်ခြင်စရာတွေ အသိ ရလာခဲ့တယ်။
အဲဒီကာလမှာ တောထဲကို အမိုးအကာ ပလစတစ် အလိပ်ပို့တဲ့ ရွာမပြင်သား ကိုအောင်သိန်းရွှေ အဖမ်းခံရတယ်။
အောင်သိန်းရွှေကို ရမ်းချောင်းသွားလမ်းမှာ တဲမိုးတဲ့ ပလစတစ် အလိပ်နဲ့အတူ ဖမ်းမိသွားပြီး ရေထဲနှစ်မြှုပ် နှိပ်စက် စစ်ဆေးတုန်းက ရွာမပြင်မြောက်ကျောင်း ဆရာတော် ပါဝင်ပက်သတ်နေမှုကို အာဏာပိုင်တွေ သိသွားပြီးနောက် “ဆရာတော်ကို အသက်မပါဘဲ လိုချင်တယ်” ဟု စစ်ကြောင်းမှူးက တပ်ကြပ်ကြီး ကျောက်ရူး ဆိုသူ ဦးဆောင်ကာ မဆလ တပ်သား ၇ ယောက်နဲ့အတူ အမိန့်ပေးစေခိုင်းလိုက်တယ်ဆိုတဲ့ သတင်းကို ငါတို့ဘက်က ရတယ်။
ရွာမပြင်မြောက်ကျောင်းဆရာတော် ဦးသုစိတ္တကို လာဖမ်းတော့မယ်လို့ ကြိုတင် သိရှိထားတဲ့အတွက် ကိုစောထွန်းဟာ ကျောင်းကို အချိန်မီ သွားရောက်ခဲ့တယ်။ ဆရာတော်ကို အချိန်မရှိဘူး အမြန်ပြေးမှ လွတ်မယ်။ ခုလို ဘုန်းကြီးဝတ်နဲ့ ပြေးလို့က ကွိကနဲ မိသွားနိုင်တယ်။ ဒါကြောင့် လမ်းမှာ လူအဝတ်အစားနဲ့ သွားမှ ဖြစ်မယ်ဆိုပြီး ပုဆိုးနဲ့ အင်္ကျီကို လဲခိုင်းတယ်။ ဆရာတော်က ရုတ်တရက်ဆိုတော့ မဝတ်ချင်ဘူးလို့ ငြင်းတယ်။ ဒါပေမဲ့ အန္တရာယ်ကို ကြိုသိနေတဲ့ ကိုစောထွန်းက ငြင်းမနေနဲ့ အချိန်မရှိဘူး ခု အမြန်ဆုံး ကျောင်းကခွါနိုင်မှ တပည့်တော်တို့ လွတ်နိုင်စရာ ရှိတယ်။ မဟုတ်ရင် အရှင်ဘုရားရော တပည့်တော်ပါ လက်ထိပ်ခတ်ခံရတော့မယ် ဆိုမှ ဆရာတော်လည်း လန့်ပြီး အဝတ်လဲကာ လိုက်ပါတယ်။
ကိုစောထွန်းဟာ ဆရာတော့်ကို သရေချောင်းအတိုင်း လှေတတန်စီးလိုက် သမ္ဗာန်တဖြတ်စီးလိုက် ကုန်းပေါ် တက်ပြီး ခြေလျင်လျှောက်လိုက်နဲ့ နောက်ကလိုက်လာမယ့် စစ်သားတွေ ရဲတွေကို လှည့်စားကာ ဆရာတော်ကို စစ်တွေထိ အရောက် ကယ်ထုတ်လာနိုင်ခဲ့တယ်။ ငါဟာ ဆရာတော် ပုန်းအောင်း တည်းခိုနေတဲ့ ကျောင်းကို သွားပြီး တွေ့ဆုံကာ လိုအပ်တာတွေကို ကူညီ ဆောင်ရွက်ပေးခဲ့တယ်။
ရွာမပြင်ဆရာတော်ကြီး ဦးသုစိတ္တကို စစ်တပ်က ဖမ်းဖို့ လိုက်လာတဲ့ မဆလ စစ်သားတွေဟာ ဆရာတော့်ကို မမိတော့ ရွာမပြင်ရွာကလူတွေကို ဖမ်းဆီး ညှဉ်းပန်းတယ်။ နောက်ပိုင်းမှာ ရွာပတ်ပတ်လည်ကို ကျားလှံထိုး ခြံခတ်ခိုင်းတယ်။ မဆလ အာဏာပိုင်တွေပေးတဲ့ ဒုက္ခ သုက္ခတွေကို ရွာသားတွေ ရက်ရက်စက်စက် ခံကြရ တယ်။
အဲဒီနောက် များမကြာမှီ ကိုစောထွန်း ဦးဆောင်ပြီး ဆရာတော်ကို ဘင်္ဂလားဒေ့ရှ်သို့ ပို့ဆောင်ပေးခဲ့တယ်။ နောက်တော့ ဆရာတော်ဟာ ဘင်္ဂလားက စုက္ကရားရွာမှာ ကျောင်းထိုင်လို့ စုက္ကရားဆရာတော်ဆိုပြီး လူသိ များတယ်။
တနေ့မှာ ငါနဲ့ ဆရာတော် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြစ်နားရွာကျောင်းမှာ တွေ့တော့မှ ဆရာတော်က ဖြစ်ကြောင်း စုံရာ သဲထိတ်ရင်ဖို လက်တလုံးခြား ရှောင်ထွက်လာနိုင်ခဲ့ပုံနဲ့ ကိုစောထွန်းရဲ့ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ကယ်ထုတ်နိုင်ခဲ့ပုံတွေကို ကြားသိခွင့်ရရှိတဲ့အခါ ကိုစောထွန်းအပေါ် လေးစားအားကျ ဂုဏ်ယူမဆုံး ဖြစ်ရတယ်။ ပြီးတော့ ကိုစောထွန်းရဲ့ ခေါင်းဆောင် ပီသမှုကိုလည်း ငါ မျက်မြင်တွေ့ခဲ့ရဖူးတာ ရှိသေးတယ်။
ကိုအောင်သိန်းရွှေ အဖမ်းခံရပြီး စစ်တွေထောင်ထဲမှာ ရှိနေစဉ်။ တနေ့မှာ သူက
“ဝေး.. ကျော်ဟန်.. မင်း .. နက်ဖန် မနက် (၈) နာရီမှာ ဆိုက်ကားသမားမပါပဲ ဆိုက်ကားသတ်သတ်တစီး စီစဉ်ထားပြီး မင်းလည်း မှတ်ပုံတင်နဲ့အတူ အဆင်သင့်လုပ်ထား”
လို့ ငါ့ကို ပြောတယ်။
အချိန်တန်တော့ သူဟာ ကျော်မြဆိုသူ နဲ့ ရောက်လာပြီး ဆိုက်ကားကို ကျော်မြတလှည့် ကိုစောထွန်းတလှည့် နင်းပြီးသွားကြစဉ် ဆိုက်ကားနောက်မှာထိုင်နေတဲ့ ငါ့ကို ကိုစောထွန်းက တိုးတိုးလေးပြောတယ်။
“ငါတို့ အခုသွားမှာက ရွာမပြင်ရွာက ငါတို့လူ အောင်သိန်းရွှေကို ထောင်ဝင်စာသွားတွေ့မယ်”
လို့ ဆိုတော့ ငါက
“ကျနော် သွားတွေ့လိုက်မယ်။ အကြီးမသွားနဲ့။ သံသယဖြစ်လို့ ဖြစ်ဖြစ်။ ရိပ်မိသွားလို့ ဖြစ်ဖြစ် ထောင်ဗူးဝထဲ ပိတ်ဖမ်းထားလိုက်ရင် ပြသနာရှိတယ်”
လို့ ငါကပြောတော့ (ငါတို့ အများစုက ကိုစောထွန်းကို (အကြီး) လို့) ခေါ်ကြတယ်။
“ငါကိုယ်တိုင် သွားတွေ့ဖို့ လိုတယ်။ သူ တော်တော် နှိပ်စက်ခံထားရတယ်။ သူ စိတ်ခွန်အား ရှိသွားအောင် ငါကိုယ်တိုင် သွားတွေ့ ပြီး အားပေးစကား ပြောဖို့လိုအပ်တယ်။ ငါ ကိုယ်တိုင်ပဲ သွားတွေ့မယ်”
လို့ ပြောတော့ ငါမှာ ဆက်ပြောစရာ စကား မရှိတော့ဘူး။
ထောင်ဗူးဝရှေ့က စားရာတွေဝယ်ယူပြီနောက် သူ့မှာ ပါလာတဲ့ ပစ္စတိုသေနတ်ကို ဆိုက်ကားအံဆွဲထဲ ထည့်ပြီး ဖင်ထိုင်ခေါင်းအုန်းဖြင့် ဖုံးအုပ်ထားလိုက်တယ်။ ပြီးနောက် နာမည်စာရင်းပေး။ ခဏအကြာ နံမည် ခေါ်သံကြားတဲ့အခါ သုံးယောက်သား ခတ်တည်တည်နဲ့ ထောင်ထဲ ဝင်လိုက်ကြတယ်။ သံတိုင်ကြား တဘက်က ကိုအောင်သိန်းရွှေကို အားပေးစကားတွေ တလုံးပြီးတလုံး ပြောနေတဲ့ ကိုစောထွန်းရဲ့ တက်ကြွ ကြင်နာတဲ့ စိတ်နေ စိတ်ထားတွေအတွက် လေးစားဂုဏ်ယူမိတယ်။
နောက်တော့ ကိုစောထွန်း ကိုကျော်မြတို့နဲ့ပါ ငါ အလုပ်လုပ်လာရတယ်။ အဲဒီလိုနဲ့ တရက်နေ့ရဲ့ ည ရှစ်နာရီလောက်မှာ ကိုသန်းထွန်းနဲ့ ငါဟာ အလုပ်အစီစဉ်တခုအတွက် ခတ်သုတ်သုတ် ထွက်လာကြတယ်။ ငါတို့ သွားမယ့်အိမ်က စစ်တွေမြို မိဇံရပ်ကွက်က ကိုကျော်မြ အိမ်။ ငါတို့ သူ့အိမ်နား ရောက်ခါနီးမှာ အခြေအနေကို အကဲခတ်ကြည့်တော့ သူ့အိမ် အနီးအနားမှာ ရဲကား နှစ်စီး သုံးစီး ရပ်ထားတာ တွေ့လိုက်ရတယ်။ ရဲတွေဟာ ဟိုပြေး ဒီပြေး သုတ်သီး သုတ်ဖြာနဲ့ တွေ့ရလို့။ အခြေအနေ မကောင်းဘူးဆိုပြီး ငါတို့ ပြန်လှည့်လာကြတယ်။
ဘာဖြစ်တာလဲ သိချင်လို့ နောက်တယောက်ဆီကို သွားပြီး စုံစမ်းကြည့်တော့ ငါတို့ အစီစဉ် ပေါက်ကြားသွားတဲ့အတွက် အိမ်ရှင် ကိုကျော်မြ အဖမ်းခံရတယ်။ ကိုစောထွန်း တယောက်ပဲ လွတ်မြောက်သွားတယ်။ ကျန်တဲ့သူ အကုန်လုံး အဖမ်းခံရတယ်လို့ သိလိုက်ရတော့ စိတ်မကောင်း ဖြစ်ကြရတယ်။ ငါတို့ သတ်မှတ်ထားချိန်က ကိုးနာရီအရောက်ဆိုတော့ ငါတို့ ကိုးနာရီလောက်မှ ဆုံရပ်ကို ဝင်မယ်လို့ စီစဉ်လိုက်တာမို့ အဲဒီ ရဲဝိုင်းဖမ်းခြင်းခံရမှုက လက်မတင်ကလေး ငါတို့ လွတ်သွားတာ။ ကံဖယ်လိုက်တယ်လို့ ပြောရမလားဘဲ။
ကိုစောထွန်းကတော့ အဲဒီအချိန် ကျော်မြ (ပုဇွန်ကျော်မြ လို့ လူသိများတယ်) ရဲ့ အိမ်မှာ ရောက်နေပြီ။ အဲဒီအိမ်ရှေ့ကနေ ရဲတွေက
“မင်းတို့ကို ငါတို့ ဝိုင်းထားပြီးပြီ။ လက်နက်ချ”
လို့ အော်သံကြားတော့ ကိုစောထွန်းဟာ ချက်ချင်းဘဲ ပြတင်းပေါက်ကနေ ပစ္စတိုနဲ့ သေနတ်တချက် “ဒိုင်း” ကနဲ ပစ်ပြီး တုန့်ပြန်လိုက်တော့ အပြင်က ရဲတွေ အသံတွေတိတ်သွားတယ်။ သူဟာ ပြူတင်းပေါက်နားက သစ်ပင်ရဲ့ အကိုင်းကို ခုန်တွဲပြီး လျင်လျင်မြန်မြန်ဘဲ အနားက အခြားအိမ်တအိမ်ရဲ့ ခေါင်မိုးကို လွှားကနဲ ခုန်ကူးကာ ခေါင်မိုး တခုပြီးတစ်ခု ကျော်လွှားပြီး လွတ်မြောက်သွားတယ် တဲ့။
နောက်ပိုင်း သိရတာက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ရဲတပ်ကြပ်ဟာ သူ့ကို အထက်အရာရှိက ပြစ်ဒဏ်ပေးပြီး နယ်ပြောင်းဖို့ လုပ်တဲ့အတွက် ပြစ်ဒဏ်ကလွတ်အောင် နယ်ပြောင်းမခံရအောင် သစ္စာဖောက်ကာ သတင်းပေးလိုက်တာလို့ သိရတယ်။
ဒီအတွေ့အကြုံက သိလိုက်ရတာက ရာထူးချခံရမယ့်အရေးမျိုးနဲ့ မပြောင်းလိုတဲ့ နေရာတွေကို ပြောင်းရွှေခံရမယ့် အရေးကြုံလာရင် အစိုးရဘက်က ပူးပေါင်းတဲ့သူတွေဟာ သစ္စာဖောက်တတ်တယ် ဆိုတာကိုလည်း အသိတရားတခု သတိထားရမယ့် အရာတခုအဖြစ် အသိရလိုက်တယ်။

7 comments
Quietly enjoying that I have found a new site to follow for the topic, and a look at clarvesta reinforced the small pleasure of the find, the discovery of new high quality sources is one of the more durable pleasures of careful internet reading and this site has been generating that discovery pleasure at multiple points already today.
Granted I am giving this site more credit than I usually give new finds, and a look at gpugearhouse continued earning that credit, the calibration of how much trust to extend after limited exposure is something I do carefully and this site has earned more trust on shorter exposure than most due to consistent quality across.
A clean piece that knew exactly what it wanted to say and said it, and a look at wifiwizard maintained the same clarity of intention, knowing the goal of a piece before writing is something most blog content lacks and the clarity of purpose here shows up in every paragraph for any careful reader to notice.
Вызвать нарколога на дом или обратиться в клинику нужно, если после снижения дозы или прекращения употребления самочувствие сильно ухудшается. Первый осмотр помогает определить степень абстиненции и понять, можно ли эффективно провести лечение в домашних условиях или безопаснее выбрать стационарное наблюдение.
Ознакомиться с деталями – вывод из запоя цена
Чтобы заказать вывод из запоя в Красноярске, можно сделать звонок в клинику и сообщить район, адрес, длительность употребления и основные жалобы. Консультант объяснит условия оказания услуги и ориентировочное время прибытия. Нарколог может приехать быстро, но обещать одинаковое количество минут для любого адреса нельзя. При потере сознания, судорогах или нарушении дыхания требуется скорая помощь, а не ожидание планового выезда.
Подробнее – вывод из запоя на дому недорого в Красноярске
О необходимости обратиться к опытному наркологу могут говорить следующие проявления:
Изучить вопрос подробнее – vyvod-iz-zapoya-na-domu-oblast
Помощь оказывают врачи с практикой в наркологии, психиатрии и восстановительной терапии.
Изучить вопрос подробнее – vyvod-iz-zapoya-v-stacionare