BusinessEnvironmentNewsPolitic

ပလက်ဝမှာ စက်လှေ ၁၀ နီး နစ်မြုပ်

အာရက္ခတိုင်းမ်စ် (၃၁ မေ ၂၀၂၅)

ပလက်ဝမြို့နယ် ချင်းလက်ဝချောင်းမှာ မေလ ၃၀ ရက် နေ့လည် ၂ နာရီ ခွဲခန့်က ကုန်သယ်စက်လှေ ၁၀ စီး လှိုင်းကြီးလို့ နစ်မြုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စက်လှေ ၁၀ စီး မှာ ကုန်ပစ္စည်း အပြည့်တင်ဆောင်ကာ ရွှလိုက်ဝ ကနေပြီးတော့ စုန်ဆင်းလာတာမှာ ချင်းလက်ဝချောင်းအရောက်တွင် ရေစီးပြင်းထန်ပြီး လှိုင်းလုံးကြီးမားမှုကြောင့် နစ်မြုပ်သွားခြင်းဖြစ်ပါတယ်။

“စက်လှေ ၁၀ မြုပ်တာမှာ စက်လှေနဲ့ ပါလာတဲ့ လူတစ်ယောက်တော့ ပျောက်နေတယ်။ DLEPS ကတော့ ရှာပေးနေတယ်။ အခုထိတော့ ရှာမတွေ့သေးဘူး” လို့ ပလက်ဝဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စက်လှေနစ်မြုပ်ရာတွင် ပျောက်ဆုံးသွားသူမှာ ပလက်ဝမြို့ ရွာမရပ်ကွက်က အသက် ၃၀ အရွယ် ကိုမြတ်လေး ဖြစ်ပြီးတော့ သူဟာ ရေမကူးတတ်သူတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်ကမ်းရိုးတန်းတစ်လောက်လုံးနဲ့ ငွေဆောင်၊ ချောင်းသာ အပါအဝင် ကမ်းရိုးတန်းဒေသတွေမှာ လေးပြင်းတိုက်ခတ်ပြီးတော့ လှိုင်းလုံးတွေကြီးမယ် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒါကာမြို့ အနောက်တောင်ဘက်ကနေပြီးတော့ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်လာပြီး အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့တယ်လို့ စစ်ကောင်စီ မိုး/ဇလက မေလ ၃၀ ရက် နံနက် ၁၁ နာရီက ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂ ရက်နေ့အထိ မုန်တိုင်းငယ်အရှိန်ကြောင့် ရက္ခိုင်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးမယ်လို့လည်း စစ်ကောင်စီ မိုး/ဇလက ဆိုပါတယ်။

မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၄ ပေ ကနေပြီး ၁၆ ပေခန့် ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

Related posts

စစ်တွေမှာ လျှပ်စစ်မီးပြန်ပေးဖို့အတွက် မီတာတွေ လာကောက်နေ

Rakhita Times

စစ်တွေမှာ သူခိုး သောင်းကျန်းနေ

Rakhita Times

ကျောက်ဖြူမြို့ AA လက်ထဲရှိနေပါက တရုတ်နဲ့ အပေးအယူလုပ်ကို လုပ်ရမှာ

Rakhita Times

Leave a Comment