NewsPolitic

ကျောက်ဖြူ ရေတပ်ဌာနချုပ်နဲ့ ၂ မိုင်ကွာခန့်အထိ တိုက်ပွဲနီးကပ်လာ

အာရက္ခတိုင်းမ်စ် (၂၄ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် စစ်ကော်မရှင်ရဲ့ ဓညဝတီရေတပ်ဌာနချုပ်နဲ့ ၂ မိုင်ခန့်သာ ကွာဝေးတဲ့ နေရာတွေအထိ တိုက်ပွဲတွေ နီးကပ်လာနေတယ်လို့ သိရပါတယ်။

“အခု ဖြစ်နေတာက ဦးဂင်း၊ စေမော် တဝိုက်ရယ် ဇိုင်ချောင်း၊ သိုင်းချောင်း တဝိုက်နဲ့ ပြိုင်စေ့ကေရွာ အနီးတဝိုက်တွေမှာ တပ်တော်နဲ့ တိုက်ပွဲတွေ ဖြစ်နေတာလေ” လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ယခုဖြစ်ပွားနေတဲ့ တိုက်ပွဲကို စစ်ကော်မရှင်က ပါရာမိုတာတွေနဲ့ပါ ကူညီတိုက်ခိုက်ပေးနေပြီး၊ ဒရုန်းနဲ့ ဗုံးကြဲခြင်း၊ ရေကြောင်းကနေ လက်နက်ကြီးများနဲ့ ပစ်ကူပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အခုက တပ်တော်က နှစ်နေရာကို တပြိုင်တည်း တိုက်နေပုံရတယ်။ ပြိုင်စေ့ကေကျော်ရင် ၃၂ ရဲတပ်ရင်းကို ရောက်ပြီ။ ဦးဂင်းကနေ ရှေ့တက်လိုက်ရင် ရေတပ်ဌာနချုပ်ကို ရောက်ပြီလေ။ လောလောဆယ်တော့ ကာကင်းတွေကို ဦးစားပေးသိမ်းပိုက်နိုင်ဖို့ တိုက်နေတဲ့သဘော ထင်တယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်ရဲ့ အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ ဓညဝတီရေတပ်ဌာနချုပ်၊ အုံးကျိွန် နဲ့ တောင်မော်ကြီး ရေတပ်စခန်း စတာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲခြင်း၊ ဒရုန်းနဲ့ ဗုံးကြဲခြင်းနဲ့ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခြင်းကြောင့် အရပ်သားပြည် သေဆုံးမှုနဲ့ ထိုခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိနေပါတယ်။

Related posts

ပုဏ္ဏားကျွန်း၊ ပေါက်တော နဲ့ မြောက်ဦးကို စကမ ဗုံးကြဲနေ

Rakhita Times

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ

Rakhita Times

AA အနေနဲ့ သိမ်းပိုက်နယ်မြေ ပြန်မပါဖို့ ကာတိုက် တိုက်နေရမယ်လို့ ဦးကြီးမြင့်ပြော

Rakhita Times

1 comment

Vernonzer စက်တင်ဘာ 7, 2026 at 8:54 မနက်

Вывод из запоя в Красноярске может быть организован круглосуточно в пределах режима работы выбранной службы. Чтобы заказать выезд, достаточно сделать звонок, сообщить адрес, район города, возраст больного и основные жалобы. Врач или консультант объяснит порядок оказания услуги и ориентировочное время приезда. При судорогах, потере сознания, тяжелом нарушении дыхания и других критических проявлениях плановый вызов не заменяет скорую помощь.
Дополнительная информация – https://2.vyvod-iz-zapoya-krasnoyarsk55.ru/

Reply

Leave a Comment