NewsPolitic

ကျောက်ဖြူက သဒွတ္ထိန်ဘုန်းကြီး​ကျောင်းကို စစ်ကောင်စီဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်က သဒွတ္ထိန်ရွာ ဘုန်းကြီး​ကျောင်းကို စစ်ကောင်စီက ဇူလိုင်လ ၃၀ ရက် မနက် ၁၁ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သဒွတ္ထိန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၂ လုံး လာရောက် ကြဲချခဲ့တာလို့လည်း သိရပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်မှုမရှိပေမယ့် သဒွတ္ထိန်ကျေးရွာဘုန်းတော်ကြီးကျောင်းအတွင်းက ဘုန်းကြီးကျောင်းဆောင်ကြီး၊ သံဃာတန်း၊ သိမ်၊ ဓမ္မာရုံခေါင်မိုး နဲ့ နံရံတချို့ ပြိုကျပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ဇူလိုင်လ ၂၂ ရက် မနက်အစောတွင် စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ကျောက်ပြောက်ရွာက ဘုန်းတော်ကြီးကျောင်းကိုလည်း ဗုံး ၂ လုံး ကျဲချခဲ့လို့ ဘုရားကျောင်းခန်း နဲ့ ဓမ္မာရုံတို့ ပျက်စီးသွားခဲ့ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သာသနိက အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ ဖျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။
Photo – Arakan Princess Media

Related posts

မင်းပြားကို စကမ ဗုံးကြဲ၊ ၃ ဦးသေ ၁၀ ယောက်ကျော် ဒဏ်ရာရ

Rakhita Times

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၁၃ သြဂုတ် ၂၀၂၅)

Rakhita Times

ရက္ခိုင်က တက္ကသိုလ်ဝင်စာမေးပွဲ စစ်ကောင်စီရဲ့ မိသားစုအတွက်ပဲဖြစ်

Rakhita Times

2 comments

production company ဇန်နဝါရီ 5, 2026 at 11:05 မနက်

need a video? video studio in milan offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.

Reply
ab-resurs ဇန်နဝါရီ 6, 2026 at 7:02 မနက်

Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России

Reply

Leave a Comment