ArticelsEducationLife StylePolitic

စာသင်ကျောင်းတွေနဲ့ ကမ္ဘာရွာ

====================

“ကျွန်တော်တို့ ကျောင်းရှေ့ရှိ၊ နိုင်ငံတော်အလံကို ကျောင်းဖွင့်သည့်နေ့တိုင်း လွှင့်ထူထားပါသည်။”

“တဖောင်း ဖောင်း၊ တဂျိမ်းဂျိမ်း” ပစ်ခတ်သံတွေအောက်မှာ နိုင်ငံတော်အလံ ဘယ်လွင့်နိုင်ပါ့မလဲ။ ပစ်သံထွက်လာလို့ ကျောင်းစာသင်ခန်းထဲ ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ ပြားပြားဝပ်ပုန်း၊ နေဗီတက်လာလို့ ကျောင်းတွေကို လွှတ်လိုက်ရ။ ရသေ့တောင်က ကျောင်းဆရာကလေး ကျည်ထိ သေတယ်။ မြေပုံက ဆရာမတို့သားမိ လက်‌နက်ကြီးထိလို့ သေတယ်။ မူလတန်းအရွယ်ကလေးတွေ လက်နက်ကြီးထိ သေတယ်။ အဝေးသင်ကျောင်းသူ ဦးခေါင်းကျည်စထိတာ အခုထိ ပုံမှန်အခြေအနေကို မရောက်သေးဘူး။ စာသင်ကျောင်းတွေထဲမှာ တပ်စွဲထားတော့ ဆရာ၊ဆရာမတွေတောင် အနားမကပ်ရဲတဲ့ အဖြစ်။

မြောက်ဦးမြို့နယ်၊ လက္ကရွာထဲကို ကျွန်တော်တို့ ရောက်သွားတော့ စာသင်ကျောင်းကို ဝင်ကြည့်ကြတယ်။ ၆၆ မမ ကျည်ခွံတွေ အများကြီး မြင်ခဲ့ရတယ်။ သွေးကွက်တွေ၊ စစ်သုံးဖိနပ်တွေ၊ စစ်သုံးယူနီဖောင်းအဆိုးတွေ အများကြီး မြင်ခဲ့ တွေ့ခဲ့ရတယ်။

နံနက် ကျောင်းဖွင့်လို့ ကျောင်းရှေ့နိုင်ငံတော်အလံအောက်မှာ တန်းစီပြီး အစိမ်း အဖြူ အပြည့်နဲ့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ အကုန်လုံး သတိအနေအထားနဲ့ “တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ၊ ဒို့ပြေ ဒို့မြေ အများလူခတ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒ ဖြူစင်တဲ့ပြေ” ဆိုတဲ့ နိုင်ငံတော်သီချင်းရဲ့ ခြေဆင်းကလေးကို အမှတ်ရမိတယ်။ ငယ်ငယ်တုန်းက အဲဒီသီချင်းကို ကျောင်းရှေ့မှာ တန်းစီပြီး ဆိုခဲ့အချိန်တွေဟာ ကျနော့်ကိုယ်မှာ ဇာတိသွေး ဇာတိမာန်တွေ အပြည့်နဲ့ပါပဲ။ ဒါ‌ပေမယ့် ခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့ ပြည်ထဲမှာ ကျနော်တို့ကလေးတွေ မပါခဲ့ဘူး။ တရားမျှတ လွတ်လပ်တဲ့ ပညာရေးစနစ်ကို ကျနော်တို့ ကလေးတွေ မပိုင်ဆိုင်ခဲ့ကြဘူးဆိုတဲ့ မေးခွန်းပေါင်းများစွာ “နိုင်ငံတော်” ကို ကျနော် မေးနေမိခဲ့တယ်။

စာသင်ကျောင်းနံရံတွေပေါ်က ကျည်ထိထားတဲ့အရာတွေဟာ “ပန်းကလေးများ ပွင့်တော့မည် ဖူတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း၊ ငါ့တို့ စာသင်ကျောင်း ”ဆိုတဲ့ ကဗျာလေးကို လှောင်ပြောင်လို့နေတယ်။ ကျောင်းသားကလေးတွေဟာ လူဦးရေ ပြွတ်သိပ်နေတဲ့ စစ်ရှောင်စခန်းတွေထဲမှာ၊ ဆရာ၊ ဆရာမတွေဟာလည်း စစ်ရှောင်စခန်းတွေမှာ။ သူတို့ ချစ်ခင်တဲ့ အစိမ်း အဖြူ၊ မြေဖြူချောင်းတွေနဲ့ ကျောင်းစာသင်ခန်းထဲက သင်ပုန်းကြီးတွေ၊ သူတို့အတွက် နားဝင်ချိုသာလွန်းတဲ့ ကျောင်းခေါင်းလောင်းသံဟာ အမြှောက်ဆန် ဗုံးဆန်တွေအောက်မှာ မှုန်းဝါးဝါး ကျန်ရစ်ခဲ့ကြတယ်။

မင်းပြားကို ကျွန်တော်ရောက်တော့ စစ်ရှောင်စခန်းတွေမှာနေတဲ့ ကလေးတွေကို အခမဲ့ စာသင်နေတဲ့ “ဇော်ဝင်းဌေး” ဆိုတဲ့ ဆရာလေးကို တွေ့ခဲ့တယ်။ သူက ကျောင်းလုပ်သားတစ်ယောက် ဖြစ်တယ်။ တိုက်ပွဲတွေကြောင့် ကျောင်းတွေပိတ်ထားတော့ စစ်ရှောင်စခန်းထဲက ကလေးတွေကို သူတတ်နိုင်သလောက် သူ့အိမ်အောက်ကလေးမှာ စာသင်နေပေးရှာတယ်။ တကယ့် လေးစားစရာကောင်းတဲ့ ဆရာလေးတစ်ယောက်ပေါ့။ သူ့လို လူမျိုးတွေအတွက်လည်း ကျနော် ဂုဏ်ယူနေဦးမှာပါ။

ကမ္ဘာရွာလေ……။ ၂၁ ရာစုလေ…..။ ကျောင်းတွေ ပိတ်ထားရင်လည်း ဘာမှမဖြစ်ဘူး။ အွန်လိုင်းက သင်ရမယ်ဆိုတဲ့ အခွင့်အရေးမပြောနဲ့ အင်တာနက်လိုင်းတွေတောင် ပိတ်ထားခဲ့ကြတယ်။ ကမ္ဘာအကြာဆုံး အင်တာနက်ဖြတ်တောက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ဖူးတယ်။

နောက်တဖက်မှာလည်း အကြောက်တရားတွေအောက်မှာ ကျောင်းချိန်မမှန်၊ စာကောင်းကောင်း မကျက်ခဲ့ရတဲ့ ကလေးတွေရဲ့ ဘဝကလည်း သနားစရာကောင်းသလို မိဘတွေရဲ့ ဘဝတွေဟာလည်း သနားစရာ ကောင်းခဲ့ပါတယ်။ ကျနော့်တူမလေး ဆယ်တန်းဖြေဖို့ ကျောက်တော်ကို သွားရတယ်။ သူတို့ ကျောက်တော်ကို ရောက်တဲ့နေ့ ညနေမှာပဲ ကုလားတန်မြစ်ကြောင်းအတိုင်း တက်လာတဲ့ ဇာက်ရေယာဉ်ပေါ်က ပစ်သံတွေဟာ နားကွဲလုမတတ်။ သူ့အဖွား ကျနော့်အမေဟာ ရသမျှ ဘုရားစာတွေ ရွတ်နေလေရဲ့။

စစ်ကြောင့်ကျတဲ့ မျက်ရည်တွေ မခြောက်သေးပါဘူး။ ကိုဗစ်တဖန်ပြန်လာ ကျောင်းတွေပြန်ပိတ် ဒုက္ခတွေများခဲ့တဲ့ ရက္ခိုင်ကလေးတွေ၊ ဒုက္ခတွေများခဲ့တဲ့ ရက္ခိုင်က ကျောင်းသားမိဘတွေ၊ ဒုက္ခတွေများခဲ့ ရက္ခိုင်က ဆရာ၊ ဆရာမတွေ၊ ဆရာတချို့ဟာ ဆိုင်ကယ်သုံးဘီးမောင်းတဲ့လူမောင်း၊ ကြုံရာကျပန်း လုပ်တဲ့သူလုပ်နဲ့ “နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိလို့ နေကြလေရဲ့”။

ပီပင်းရင်းစစ်ရှောင်စခန်းက ကလေးတွေဟာ အနီးကရွာမှာ ကျောင်းသွားတက်ကြတယ်။ ဆရာတော်က ထော်လာဂျီကလေး စီစဉ်ပေးတယ်။ မိုးရေရွဲရွဲနဲ့ ကျောင်းသွားတက်ရတဲ့ ကလေးတွေခမျှာ စစ်ကြောင်းနဲ့တိုးလို့ စစ်ရှောင်စခန်းကို ပြန်ပြေးရတဲ့အဖြစ်ကလေးတွေဟာ သူတို့ရဲ့ ခက်ခဲမှုတွေအကြောင်းကို ကလေးတွေက ကျနော့်ကို မျက်ရည်ကလေးဝဲကာ ပြောဆိုကြတယ်။ နောက်ဆုံးတော့ ပီပင်းရင်းစခန်းထဲမှာပဲ ဓနိမိုး၊ ဝါးခင်းတဲ့ ကျောင်းကလေးဆောက်ပြီး ကလေးတွေရဲ့ပညာရေးအတွက် ဆရာတော်က စီစဉ်ပေးရတယ်။ သူတို့လေးတွေရဲ့ ရပ်ရွာ၊ သူတို့လေးတွေရဲ့ ပျော်မွေ့ရာကျောင်း၊ သူတို့လေးတွေ လေးစားအားကိုးတဲ့ ဆရာ၊ ဆရာမတွေ ဘယ်နေ့ ဘယ်အချိန်မှာ ပြန်ဆုံရမှာလဲဆိုကတော့ မရေရာခဲ့ပါဘူး။

“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်အံ့” ဆောင်ပုဒ်ဟာ ကျည်ဆန်တွေအောက်မှာ ပြားပြားမှောက်လို့၊ စာသင်ကျောင်းတွေဟာ လူသတ်ရုံတွေ ဖြစ်ခဲ့ရတယ်။

ရသေ့တောင်မှာ စာသင်ကျောင်းထဲ ခေါ်ဆောင်ခြင်းခံရတဲ့ ရွာသားတွေကို ပစ်လို့ သေဆုံးကြတယ်။ မြေဖြူတွေအစား သွေးတွေ ခြယ်ခဲ့ကြတယ်။

စာကျက်သံတွေ၊ စာအံသံတွေ မကြားရတာ ကြာခဲ့ပြီ၊ ကလေးတွေ၊ ဆရာ၊ ဆရာမတွေရဲ့ စုံညီစွာ ဇွန်လမိုးဖွေးဖွေးတွေအောက် ထီးကလေးတွေဆောင်းပြီး ကျောင်းတက်လာကြတဲ့ ပုံရိပ်တွေကို
မမြင်ရတာ ကြာခဲ့ပြီ။ စာသင်ကျောင်းတွေအစား ဗုံးခိုကျင်းတွေဟာ အစီအရီ ဖြစ်လာတယ်။ ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာက မူလွန်ကျောင်းမှာ ကျောင်းခေါင်ကိုဖောက်ပြီး ဝင်လာတဲ့ လက်နက်ကြီးကျလို့ မူလတန်းကလေး ၂၁ ဦး ဒဏ်ရာခဲ့တယ်။ မူလတန်းအရွယ် ကလေးတွေ ကျည်ထိ သေကြတယ်။ ကိုယ်လက် အင်္ဂါတွေ ပြတ်သွားကြတယ်။

ဒီလိုမျိုး အချိန်တွေမှာတောင် လူတချို့က လက်ခုတ်သြဘာပေးပြီး သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေအတွက် ရယ်မောနိုင်ခဲ့ကြတာကို စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ မေတ္တာကြီးမားပါတယ်ဆိုတဲ့သူတွေတောင် အဲဒီလို ကလေးလေးရဲ့အဖြစ်တွေကို ဝမ်းနည်းစရာလို့ ယူဆခဲ့ကြပုံ မရပါဘူး။

ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာက အသက် ၇ နှစ် အရွယ် မောင်နိုင်စိုးကလေးဟာ လက်နက်ကြီးစထိပြီး စစ်တွေဆေးရုံ ယူလာတယ်။ အခြေအနေမကောင်းလို့ ရန်ကုန်ကို ကားနဲ့သယ်တော့ လမ်းမှာ သေဆုံးသွားတယ်။ သူချစ်မြတ်နိုးတဲ့ ကျောင်းစိမ်းဘောင်းဘီကလေးဝတ်လို့ ကားပေါ်လဲလျောင်းနေတဲ့ မြင်ကွင်းမျိုး မြင်ဖူးကြရင် မိဘတွေ နေရာကသာ ဝင်ကြည့်လိုက်ပါတော့။

ကျနော်တို့ ကမ္ဘာကြီးပျက်ကာ ကလေးလေးတွေ ကျောင်းနဲ့ဝေးပြီး ဗုံးခိုကျင်းထဲ အသက်လုနေရတဲ့အချိန် တချို့နေရာတွေမှာတော့ “နိုင်ငံတော်သီချင်း” သံ ညံလို့။ ကျနော်တို့ ကလေး သေဆုံးဒဏ်ရာရနေတဲ့ အချိန် တချို့ နေရာတွေမှာတော့ ကျောင်းတက်ခေါင်းလောင်းသံ ညံလို့ ရှိပေမယ့် ကျနော်တို့ဆီမှာတော့ သေနတ်သံတွေညံလို့ နေခဲ့တယ်။ ကိုယ်ချင်းစာစိတ် ကင်းမဲ့သူတစ်ချို့ကတော့ ဒီလိုအခြေအနေတွေအပေါ် အပြစ်ပုံချပြီး ရင်းချနေခဲ့ကြတယ်။ ဝဋ်ဆိုတာဟာ တနေ့ကျရင် သူတို့အိမ်ရှေ့ တံခါးကို လာခေါက်လိမ့်မယ်လို့ တွေးမိခဲ့ကြလိမ့်မယ်လို့ ကျနော် မထင်ခဲ့ဘူး။

စစ်ပွဲရယ်၊ ကိုဗစ်ရယ် ဝိုင်းတိုက်ခံခဲ့ရတဲ့ ကျနော်တို့ရဲ့ ကမ္ဘာကလေးမှာ တရားမျှတမှုတွေ၊ ပျောက်လို့။ ဘယ်သူ မှားတယ်။ ဘယ်သူတွေ မှန်တယ်ဆိုတာထက် တိတ်ဆိတ်သွားတဲ့ စာသင်ကျောင်းတွေ နံရံတွေပေါ်မှာ ကလေးတွေရဲ့ ပန်းချီကားတွေအစား ကျည်ဆန်ရာတွေ၊ အမြှောက်ထိတဲ့ အရာတွေကို မြင်ရ ကြားရတာတွေဟာ ကမ္ဘာရွာကြီးထဲက ကျနော်တို့ အနာဂတ်ကလေးတွေရဲ့ ပညာရေးအတွက် မိဘတွေ ဘယ်လောက်များ ပူပန်ကြလေမှာလဲ။

ခင်ဗျားတို့ ပြောပြောနေတဲ့ သူပုန်ရွာတွေမှာ သူပုန်ကလေးတွေရဲ့ ပညာရေးအတွက် သူပုန်ကျောင်းတွေ ပြန်ဖွင့်ဖြစ်ခဲ့ရင်ရော ခင်ဗျားတို့တတွေ ပြစ်တင် ဝေဖန်နေကြဦးမှာလား ဆိုတာကို တွေးရင်းရင်းနဲ့ “တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ပြေ၊ တို့မြေ အများလူ ခတ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြေ” လို့ တီးတိုးစွာ ရွတ်ဆို နေမိလေတော့တယ်။

ဧကရာဇ်
(၂၀၂၁ ခုနှစ် ဇွန်လ ၂ ရက်နေ့)

Related posts

တခြားအမည်နဲ့ ပါတီမှတ်ပုံတင်ရမယ်ဆိုရင် မတင်ဘူးလို့ ANP ပြော

Rakhita Times

စစ်တွေက အမျိုးသမီးငယ်တွေ တရုတ်မယားအဖြစ် လုပ်ကိုင်လာကြ

Rakhita Times

သေနတ်သံများနဲ့ဆောက်ထားတဲ့ တိုင်းပြည်

Rakhita Times

6 comments

Bjornpok စက်တင်ဘာ 2, 2026 at 10:24 ညနေ

Skimmed first and then went back to read carefully, and the careful read paid off in places I had missed, and a stop at vpnvault got the same treatment, the rare site whose content rewards a second pass is content I want more of in my regular rotation rather than disposable single read articles.

Reply
DevinPaf စက်တင်ဘာ 2, 2026 at 10:28 ညနေ

A piece that did exactly what it promised in the headline without overshooting or underdelivering, and a look at mimosamarket continued that calibration, alignment between promise and delivery is a basic editorial virtue that many sites fail at and this site has clearly mastered the matching of expectation and substance throughout pieces.

Reply
Eanaveda စက်တင်ဘာ 2, 2026 at 10:29 ညနေ

Reading this with a fresh mind in the morning brought out details I might have missed in the afternoon, and a stop at seamsecret earned the same fresh attention, content that rewards being read at full attention rather than at energy lows is content with real density and this site has that density consistently.

Reply
Iratweta စက်တင်ဘာ 2, 2026 at 11:08 ညနေ

Reading this gave me a small mental break from the heavier reading I had been doing, and a stop at clarvesta extended that lighter feel, content that provides relief without becoming trivial is harder to produce than people realise and this site has clearly figured out how to be light without being shallow at all.

Reply
KadeTef စက်တင်ဘာ 2, 2026 at 11:27 ညနေ

Worth recommending broadly to anyone who reads on the topic, and a look at gpugearhouse only confirms that, the rare combination of accessibility and depth in this site makes it suitable for both newcomers and people who already know the area which is hard to pull off in any blog format today and rarely managed.

Reply
RickFague စက်တင်ဘာ 3, 2026 at 12:32 မနက်

Closed the laptop and walked away thinking about the post for a good twenty minutes, and a stop at wifiwizard produced similar lingering thoughts, content that survives the closing of the browser tab is content that has actually entered the mind rather than just decorating the screen for the duration of the reading.

Reply

Leave a Comment