NewsPolitic

ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံခါးပတ် ဒုတိယအကြိမ် ကာကွယ်လိုက်တဲ့ ဗန်

အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၆)

UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန်ဟာ ချန်ပီယံဟောင်း ပန်တိုဂျာကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ်မြောက် အောင်မြင်စွာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မှာ ကျင်းပခဲ့တဲ့ UFC 331 ပြိုင်ပွဲရဲ့ ခေါင်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ပွဲစဉ်တစ်လျှောက် ပန်တိုဂျာက ဗန်ကို လှဲချကာ ချုပ်ကွက်တွေနဲ့ အသာစီးရဖို့ ကြိုးစားခဲ့သလို ဗန်ကလည်း မတ်တပ်ရပ် လက်သီးတွဲဆိုင်းတွေကို အဓိက အသုံးပြုပြီး တုံ့ပြန်ခဲ့ပါတယ်။

ပွဲအပြီး ၅ ချီမြောက်မှာ ဗန်က ပန်တိုဂျာကို ချုပ်ကွက်နဲ့ ပွဲသိမ်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။

အသက် ၃၆ နှစ်ရှိပြီဖြစ်သူ ချန်ပီယံဟောင်း ပန်တိုဂျာဟာ ဗန်နဲ့ ပထမအကြိမ် တွေ့ဆုံစဉ်က ဒဏ်ရာရရှိခဲ့တာကြောင့် ခါးပတ် လက်လွှတ်ခဲ့ရတာဖြစ်ပြီး ယခု ဒုတိယမြောက် မကြေပွဲမှာလည်း ထပ်မံ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

UFC သမိုင်းမှာ ဒုတိယ အသက်အငယ်ဆုံး ချန်ပီယံလည်းဖြစ်၊ အာရှရဲ့ ပထမဆုံး အမျိုးသား ချန်ပီယံလည်းဖြစ်တဲ့ ဂျော့ရှုဝါဗန်ဟာ UFC Flyweight ဝိတ်တန်းရဲ့ ချန်ပီယံတစ်ဦး ဖြစ်ကြောင်း ဒီပွဲနဲ့ ထပ်မံ သက်သေပြလိုက်နိုင်ခဲ့ပါပြီ။
Photo Credit: Zuffa LLC / Getty Images

Related posts

ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် IMJA တိုက်တွန်းတောင်းဆို

Rakhita Times

■ အီရန်ထဲက အမေရိကန်ကွန်မန်ဒို အော်ပရေးရှင်း

Rakhita Times

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာအချို့ (၂)

Rakhita Times

Leave a Comment