BusinessNewsPolitic

ပေါက်တောဒေသခံ မူဆလင်တံငါသည်တွေကို စကမ ထောင်ဒဏ်ချမှတ်

အာရက္ခတိုင်းမ်စ် (၂၆ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာက ဖမ်းဆီးသွားတဲ့ မူဆလင် တံငါသည် ၁၄ ဦးကို စစ်ကော်မရှင်က ထောင်ဒဏ်ချမှတ်လိုက်ပြီလို့ ဒေသတွင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

တံငါသည်အလုပ်နဲ့ အသက်မွေးကြတဲ့ အဲဒီ မူဆလင်တွေဟာ ဒီလ စက်တင်ဘာ ၁၆ ရက်နေ့ ကုလားသိမ်ကျေးရွာအနီးက ပင်လယ်ပြင်မှာ ငါးဖမ်းနေစဥ် စစ်ကော်မရှင်ရဲ့ ဖမ်းစီးခြင်းကို ခံခဲ့ရတာပါ။

ဖမ်းဆီးခံရပြီးနောက် တပတ်ကျော်အကြာမှာ စစ်တွေခရိုင်တရားရုံးက အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာလို့ အခုလို သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အာရက္ခတိုင်းမ်စ်သတင်းဌာနက သီးခြား အတည်မပြုနိုင်‌သေးသလို ဘယ်လို ဥပ‌ဒေပုဒ်မတွေနဲ့ ပြစ်ဒဏ်ချမှတ်လိုက်တယ်ဆိုတာကို‌ သိရဖို့ အာရက္ခတိုင်းမ်စ်က အသေးစိပ် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ အဲဒီ မူဆလင်တံငါသည်တွေကတော့ အသက် (၁၃) နှစ် ကနေ အသက် (၅၀) ဝန်းကျင်တွေ ဖြစ်ပြီး အသက်မပြည့်သေးသူတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဖမ်းဆီး ထောင်ချခံရတဲ့ ရေလုပ်သား မူဆလင်တံငါသည်တွေကို မိသားစုဝင်တွေက တွေ့ခွင့်ရလိုကြ‌‌ပေမဲ့ စစ်တွေမြို့ အဝင်အထွက် လမ်းကြောင်းတွေကို စစ်ကော်မရှင်က ပိတ်ဆို့ ထားပါတယ်။

အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့ တနေ့ထဲမှာဘဲ ပေါက်တောမြို့နယ် ချောင်းဝကျေးရွာနဲ့ ကုန်တန်းကျေးရွာက ဒေသခံ တံငါသည် ၇ ဦးကိုလည်း ပင်လယ်ပြင်မှာ ငါးဖမ်းနေစဉ် စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီကနေတဆင့် သိရပါတယ်။

Related posts

ရက္ခိုင်-ဘင်္ဂလားနယ်စပ်တွင် အကြမ်းဖက်သမားတွေက မူဆလင်မဟုတ်သူတွေကို သတ်ဖြတ်မှုလုပ်နေ

Rakhita Times

စစ်ကောင်စီက မောင်တော နယ်ခြားစောင့်ဌာနချုပ်ကို ဗုံးကြဲ

Rakhita Times

ငွေထုတ်ခ ဈေးမြင့်လာလို့ တချို့ဆိုင်များ ငွေထုတ်မပေး

Rakhita Times

1 comment

Leave a Comment