NewsPolitic

ကျောက်ဖြူက စစ်ဘေးရှောင် ၃ ဦးကို စကမ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၆ စက်တင်ဘာ ၂၀၂၅)

ရက္ခိင်ပြည် ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင် ပြည်သူ ၃ ဦးကို စစ်ကော်မရှင်က စက်တင်ဘာလ ၂၅ ရက် နေ့လည်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“ဖမ်းခံလိုက်ရတာက ဂေါ်တူရွာကနေပြီး ချောင်းဝရွာမှာ လာပြီး စစ်ဘေးရှောင်နေကြတာ။ သူတို့က သူတို့ရွာကို ခဏပြန်ပြီး သူတို့ စိုက်ထားတဲ့ စိုက်ခင်းသွားကြည့်တာမှာ ဖမ်းသွားတာ” လို့ ကျောက်ဖြူမြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ဖမ်းဆီးသွားသူမှာ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂေါ်တူရွာက အသက် ၃၂ နှစ် အရွယ် ဒေါ်တင်တင်ဆန်း၊ အသက် ၄၀ အရွယ် ဒေါ်မခိုင်ဦး နဲ့ အသက် ၅၇ နှစ် အရွယ် ဦးသိန်းကျော်အောင်တို့ပဲ ဖြစ်ပါတယ်။

“သူတို့ ၃ ယောက်ကို ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ဂေါ်တူရွာ ဘုန်းကြီးကျောင်းဖက်ကို ခေါ်သွားတယ်။ ဘာကြောင့် ဖမ်းသွားလဲတော့ မသိရသေးဘူး” လို့ သူက ထပ်မံ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်ကို မကျဆုံးစေရေးအတွက် စစ်ကော်မရှင်က အသည်းအသန် ခုခံနေပြီး ရက္ခိုင်ပြည်သူတွေကို သံသယနဲ့ ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related posts

စကမရဲ့ ဒရုန်းအကြီးစား တစင်း AA ရရှိ

Rakhita Times

ရေချယ်တေဇ အကြောင်း ဖော်ပြထားတဲ့ စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝဘ်ဆိုက် ဖယ်ရှား

Rakhita Times

မင်းပြားမှာ ရွာ ၁၄ ရွာ ရေနစ်မြုပ်

Rakhita Times

5 comments

Leave a Comment