NewsPolitic

ARSA နဲ့ RSO က ပြည်သူတွေကို အကြမ်းဖက်၊ ဖမ်းဆီးသတ်ဖြတ်နေတာကို မောင်တောခရိုင် မူဆလင်ရေးရာကောင်စီ လုံးဝရှုတ်ချ

အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် မောင်တောခရိုင် မူဆလင်ရေးရာကောင်စီက အစွန်းရောက် ၊အကြမ်းဖက်အဖွဲ့တွေ့ဖြစ်တဲ့ ARSA၊ RSO အဖွဲ့တွေက ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်နေတာတွေကို လုံးဝရှုတ်ချ​တယ်လို့ အောက်တိုဘာ ၂၅ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အာရက္ခတပ်တော် AA က မောင်တောကို ထိန်းချုပ်ပြီးတဲ့နောက်မှာ ဒေသတွင်း အခြေအနေတွေ တည်ငြိမ်အေးချမ်းလာပြီး မူဆလင်ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ခရီးသွားလာရေးကအစ တိုးတက်ကောင်းမွန်လာပြီး မူဆလင်တွေအနေနဲ့ ဌာနဆိုင်ရာတွေမှာ အမှုထမ်းခွင့် ရရှိလာခဲ့ပါတယ်။

ဘာသာရေးဆိုင်ရာ ကိစ္စတွေမှာလည်း မူဆလင်အကြီးအကဲတွေနဲ့ (ဂျူရီအဖွဲ့) ဖွဲ့စည်းဆောင်ရွက်ခွင့် ရရှိလာတာတွေက ဒေသခံမူဆလင်တွေအတွက် ဝမ်းသာစရာ အပြောင်းအလဲတွေ ဖြစ်စေတဲ့အပြင် ရက္ခိုင်နဲ့ မူဆလင်တွေအကြား လူမှုသဟဇာတဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ကိုပါ အထောက်အကူ ဖြစ်စေတယ်လို့ မူဆလင်ရေးရာကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

လက်ရှိ အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်မှုအောက်မှာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ကောင်းမွန်လာတဲ့အချိန်မှာ အကြမ်းဖက် ARSA နဲ့ RSO အဖွဲ့တွေက အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုတွေ မကြာခဏ လုပ်ဆောင်နေတာကြောင့် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

ARSA နဲ့ RSO တို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဘက်လိုက်ပြီး အားပေးနေကြတဲ့ လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights လို ပြည်ပအဖွဲ့အစည်းတချို့က ဒေသတွင်း ငြိမ်းချမ်းစွာ အတူနေထိုင်တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အသံကို နားမထောင်ဘဲ၊ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ မဟုတ်မမှန် သတင်းမှားတွေကို အခြေခံပြီး ဖော်ပြနေတဲ့အပေါ်မှာလည်း စိတ်မကောင်းဖြစ်ရ​တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို လုပ်ရပ်တွေကြောင့် မူဆလင်နဲ့ ရက္ခိုင်မျိုးနွယ်စုတွေကြား မယုံကြည်မှု၊ သံသယတွေနဲ့ ဆက်ဆံရေး တင်းမာလာစေပြီး သဟဇာတဖြစ်မှုကို အဟန့်အတားဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက် ARSA နဲ့ RSO) အဖွဲ့က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်နေတာတွေကို Fortify Rights လို ပြည်ပအဖွဲ့အစည်းတစ်ချို့က မတားဆီးဘဲ မီးလောင်ရာလေပင့်တဲ့ပုံစံနဲ့ ဘက်လိုက်နေတာကြောင့် အဲဒီလုပ်ရပ်တွေကို လုံးဝရှုတ်ချတယ်လို့ မောင်တောခရိုင် မူဆလင်ရေးရာကောင်စီက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Related posts

ပေါက်တောတွင် မိုးသီးကြွေကျလို့ နေအိမ်တချို့ပျက်စီး

Rakhita Times

ALP ပါတီကို ကြောက်နေရတဲ့ စစ်တွေဒေသခံတွေ

Rakhita Times

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ဖမ်းဆီးမှုအပေါ် တရုတ်နှင့် အိန္ဒိယတို့၏ သဘောထားများ ကွဲပြား

Rakhita Times

1 comment

rent yacht montenegro 761 မေ 5, 2026 at 4:31 မနက်

sailing Montenegro Montenegro yacht hire

Reply

Leave a Comment