HealthNewsPolitic

မြောက်ဦးဆေးရုံ ပြန်လည်ထူထောင်ရေးအတွက် ဂျပန်ယန်း သောင်း-၁၅၀ Arakan Union (Japan) လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၁ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးဆေးရုံ ပြန်လည်ထူထောင်ရေးအတွက် ဂျပန်ယန်း သောင်း-၁၅၀ နဲ့ ညီမျှတဲ့အလှူငွေကို Arakan Union (Japan) အသင်းက လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဂျပန်ယန်း သောင်း-၁၅၀ နဲ့ ညီမျှတဲ့ (မြန်မာငွေ- ၃၈၄၆၀၀၀၀ ကျပ်) တိတိကို အာရက္ခပြည်သူ့ကျမ်းမာရေးဌာနကို လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ အသင်းရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

“မြောက်ဦးကိစ္စနဲ့ပတ်သက်ပြီး လှူဒါန်းထားတာကျတော့ ညိီမတို့က ဒီဂျပန်မှာရှိတဲ့ ရက္ခိုင်အစည်းအရုံး ဂျပန်ပေါ့နော်။ Arakan Union (Japan) အသင်းရဲ့ လုပ်ထုံးလုပ်နည်းပါပဲ။ အရေးပေါ်လိုအပ််လို့  လှူဖို့လိုအပ်ပြီဆို ဘယ်နေရာမဆို လှူပေးရတော့မှာပေါ့နော်။ လှူပေးဖို့ အမြဲတမ်းရှိတယ်။ နောက်ပြီးတော့ ရက္ခိုင်တပြည်လုံး အတိုင်းအတာနဲ့ ယှဥ်မယ်ဆိုရင် အဓိက ပိုပြီး အရေးတကြီး လိုအပ်တဲ့နေရာကို အရင်ဆုံးသွားပြီး လှူပေးတဲ့ သဘောမှာရှိတယ်ပေါ့နော်။ ရက္ခိုင်ပြည်ရဲ့ ဘယ်ဒေသမှာမဆို စစ်ဘေးဒဏ် သဘာဝဘေးဒဏ် အဲ့လိုမျိုး ခံရတဲ့ နေရာဒေသတွေက လူတွေအကုန်လုံးကိုအဆင်ပြေ ချောင်ချိတဲ့အတွက် တတ်နိုင်သမျှကို ပံ့ပိုးပေးနေတာပါ။ နောက်ပိုင်း လိုအပ်လာရင် လိုအပ်သလို ကူညီဖို့ အဆင်သင့်ရှိပါတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်အစည်းအရုံး (ဂျပန်) ဟာ ရက္ခိုင်ပြည်တွင်းမှာရှိတဲ့ ရက္ခိုင်ပြည်သူလူထုအပြင် အမျိုးမျိုးသော အကြောင်းများနဲ့ ခိုလှုနေကြတဲ့ တခြားတိုင်းရင်းသားတွေ အပါအဝင် ဒုက္ခရောက်နေသူတွေကို ကူညီထောက်ပံ့ဖို့ ဖွဲစည်းထားတဲ့ အသင်းဖြစ်တာကြောင့် ရက္ခိုင်ပြည်တွင်းမှာ ကြုံသမျှ ဘေးဒုက္ခ မှန်သမျှကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

မြောက်ဦးအပြင် ပြီးခဲ့တဲ့လအတွင်းမှာလည်း  ကျောက်ဖြူမြို့ရှိ စစ်ဘေးရှောင်တွေအတွက် သိန်း ၃၀၀ နီးပါး ကူညီလှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်ပြည်က မြို့နယ် ၁၄ ခုကို ရက်ပေါင်း (၉၀) ကြာ စစ်အုပ်ချုပ်ရေး ထပ်မံသတ်မှတ်

Rakhita Times

စစ်ကောင်စီက လျှော့မယ့်ပုံ မရှိတာကြောင့် လက်နက်နဲ့ပဲ စကားပြောရမယ်

Rakhita Times

ရွှေ၊ ဒေါ်လာ နဲ့ စက်သုံးဆီဈေးနှုန်းတွေ အမြင့်ဘက်မှာပဲ ရှိနေနိုင်

Rakhita Times

1,282 comments

Leave a Comment