အာရက္ခတိုင်းမ်စ် (၂၃ ဖေဖော်ဝါရီ ၂၀၂၆)
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့ပြင်မှာ စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်တို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်တွေမြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ဟာ စစ်တွေမြို့ပြင်မှာ နေ့စဉ်နဲ့အမျှ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပေမယ့်လည်း ယခုရက်ပိုင်းမှာ အရင်ကထက် ပိုပြီး ပစ်ခတ်သံတွေ ကြားနေရတာ ဖြစ်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နေ့လည်ပိုင်းမှာလည်း ပစ်ခတ်သံတွေကို စစ်တွေမြို့ပြင်သာမက မြို့တွင်းကပါ ကြားနေရတာ ဖြစ်တယ်လို့ စစ်တွေမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ပစ်သံတွေ ကြားနေရပြီ။ အခု ဒီရက်ပိုင်း ပိုပြီးတော့ ကြားနေရတယ်။ အခုလည်း ပစ်နေကြတယ်။ အရင်ကဆိုရင် မြို့ပြင်ကလူတွေပြောမှ သိရတာ။ အခုက တပ်ရင်း ၁၂ အနီးက ပြန်ပစ်တာတွေ ကြားရတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ဟာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်တွေမှာ နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲတွေ ရှိနေပြီး စစ်တွေမြို့ပြင် ရွာတွေဖြစ်တဲ့ ကျားမသောက်၊ ကျောက်တန်းကြီး၊ ဝါဘိုတွေအပြင် လက်ရှိမှာ မြို့နဲ့ အနီးနားမှာရှိတဲ့ မှန်စီကျေးရွာဘက်မှာလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ပစ်သံတွေကတော့ ညတိုင်းလိုလိုကို ကြားရတယ်။ အကြိမ်အရေအတွက် နည်းတာနဲ့ များတာပဲ ကွာတာ။ ဒရုန်းတွေရော၊ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ကို ပစ်နေကြတာ။ အခု ကျနော်တို့နေတဲ့ မှန်စီအနီးကိုတောင် ရောက်နေတယ်လို့တောင် ထင်တယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်က မြို့နယ် ၁၄ မြို့နယ်အပါအဝင် ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကို လက်ရှိမှာ ထိန်းချုပ်ထားပြီဖြစ်ပြီး ရက္ခိုင်က စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့တို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ကျောက်ဖြူမြို့နယ်က ရေတပ်ဌာနချုပ်အနီးမှာ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို စစ်တွေမြို့အနီးမှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာ ဖြစ်ပါတယ်။
အဲဒါအပြင် အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်နဲ့ ထိစပ်နေတဲ့ နေရာတွေဖြစ်တဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအစပ်တို့မှာ တိုက်ပွဲတွေ ဖော်ဆောင်ပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာ ဖြစ်ပါတယ်။

3 comments
Spotted youwincasinofacebook! It’s got a cool look! If you want to visit a casino through facebook this is the way to go. youwincasinofacebook
Looking for something new? Maybe visit 88clb8gq com! I liked it. A very good place. 88clb8gq com
Borneo303’s SV388 online is legit! Easy to navigate and plenty of action. Definitely worth checking out if you’re into cockfighting games. Check it out here: sv388 online borneo303